For Unicode
'၂၀၁၄ခုနစ် ဖေဖော်ဝါရီလ (၃)ရက်။
တောင်ကိုရီးယားနိုင်ငံတော် ဂွမ်ဂျူးမြို့တွင် ဖျော်ဖြေပွဲငယ်တစ်ခုပြုလုပ်ခဲ့သော
Boy bandအသစ် BTSမှ အငယ်ဆုံးအဖွဲ့ဝင် Jungkookဟာ လေယာဉ်ပေါ်မှအဆင်း လှေကားပေါ်ကချော်ကျခဲ့ခြင်းကြောင့် ဆိုးလ်အမျိုးသားဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း၊ထိခိုက်မှမပြင်းထန်ကြောင်း သတင်းရရှိပါတယ်ရှင်'TVမှ လာနေသည့် သတင်းကြောင့် JungKook၏မိခင်ဖြစ်သူဟာ ရင်တထိတ်ထိတ်နဲ့ စိုးရိမ်နေရှာသည်။
သားဖြစ်သူဆီဖုန်းဆက်ကြည့်တော့ သူတို့ရဲ့မန်နေဂျာအစ်ကိုက ဖုန်းကိုင်၏။"သက်သာပါတယ်ခင်ဗျ...ခြေဆစ်လွဲသွားရုံလောက်ပါပဲ...Bang PDကလည်း JungKookကို သက်သာတဲ့ထိ လှုပ်လှုပ်ရှားရှားမနေဖို့ကို ပြောထားပါတယ်"
"သားရော...အခုအဆင်ပြေရဲ့လား သူဘာ လုပ်နေလဲ"
"သူအခုအိပ်နေပါတယ်ဗျ"
တစ်ဖက်မှသက်ပြင်းချသံကို SungHoonကြားလိုက်ရသည်။
ဖုန်းချသွားသည့်အခါ SungHoon ကုတင်ပေါ်မှ ကောင်လေးအား စောင်းငဲ့ကြည့်မိ၏။"ဘာမှတော့ ထိခိုက်မသွားပေမယ့် ခုထိ သတိမရသေးဘူးရော...အိပ်ရေးမဝခဲ့တာတွေပေါင်းပြီးများ အိပ်နေသလား...ဟားဟား"
ထို့နောက် SungHoon ထိုကောင်လေးကို စိတ်ပူနေမည့် မန်ဘာတွေသို့ ဖုန်းဆက်ပြီး အဆင်ပြေကြောင်းပြောထားလိုက်သည်။
...
JungKook အိပ်နေစဉ် ပါးစပ်ထဲကျကျလာသည့် ကြမ်းကြမ်းတမ်းတမ်းအရာတစ်ခု။အဝတ်စဟု ခန့်မှန်းမိသည်။
တစ်ခါလည်းမဟုတ်၊နှစ်ခါလည်းမဟုတ် တို့တို့ထိထိဖြစ်နေသည့် စိတ်တိုစွာ မျက်စိဖွင့်ပြီး ဆောင့်ဆောင့်အောင့်အောင့်နဲ့ ထလိုက်မိ၏။"ဟားဟား ဟားဟား"
မှန်ပွတ်သံလို ရယ်သံကြောင့် Jin Hyungဆိုတာကို သူသိလိုက်သည်။
"Hyung..."
JungKook ဒေါသတကြီးအော်လိုက်တာကိုတောင် ရယ်မြဲရယ်ဆဲဖြစ်နေတဲ့ Hyung။
နေရောင်စူးစူးကို အံတုကာ အာရုံစိုက်ပြီး Hyungကို ကြည့်လိုက်မိစဉ် JungKookခင်ဗျာ ပြူးတူးပျာတာဖြစ်သွားရသည်။

CZYTASZ
My Beloved Jeon(On Going)
Fanfiction"ဂျွန်ဂျောင်ကု" "ဗျာ...TaeHyungie" TaeKook Started date - 21.10.2022 Ended date - BTSဆိုတဲ့နာမည် Main charactersတွေရဲ့နာမည်နဲ့ သီချင်းနာမည်အချို့ကလွဲရင် အားလုံးက စာရေးသူရဲ့ စိတ်ကူးသက်သက်ပဲမလို့ ခုနစ်တွေ၊နေရာဒေသတွေ၊တခြားအရာတွေက Factကျမှာ မဟုတ်ပါဘူ...