842 80 1
                                    

'' ဘယ်လိုလုပ်ရမလဲ ကြံစမ်းကြံစမ်း....ရှိသမျှ ဥာဏ်နီဥာဏ်နက်ဥာဏ်ပြာ အကုန်ထွက်လာစမ်းပါကွာ....''

ဆံပင်ဝါဝါတွေကိုသရေကွင်းနဲ့ကြက်တောင်စည်းစီးထားကာ ကွင်းထိုးဖိနပ်အ​ရောင်မတူတစ်ရံနဲ့ အကိုကြီး​ဆော့ဂျင် ဟိုဘက်သွားလိုက်ဒီဘက်သွားလိုက်နဲ့ ဂဏာမငြိမ်လျှက်ရှိသည်။

'' ဆော့ဂျင်hyung...​ဘာတွေကြာနေတာလဲ မြန်မြန်လုပ်ဗျာ ကားကနေပူထဲရပ်ထားရတာ ပန်းတွေညိုးကုန်တော့မယ်....''

ဝါးခမောက်ဝိုင်းဝိုင်းလေးနဲ့ဂျီမင်ဟာ ဒီနေ့မြို့ထဲပန်းသွားပို့မှာမို့ ရှိုးစမိုးအပြည့်နဲ့ဖြစ်နေပေမဲ့ ရင်ထဲကြိတ်ပူလောင်နေသူက ဒီကကင်ဆော့ဂျင်ပဲ။ မြို့ထဲအတူလိုက်သွားပြီး အဖိုးပေးစားမဲ့လင်စိတ်တိုင်းကျ ဘိုကေညှပ်ပြီး အမဲရောင်ဆံပင်ဆိုးရတော့မှာမို့ ကားမူးနေတဲ့ခရီးသည်လို ရင်ထဲကတုန်ကယင်ရယ်။

'' hyung...!!! ဆော့ဂျင်hyung!!! ''

ဂျီမင်နီးရဲ့စိတ်မရှည်စွာအော်သံကျယ်ကြောင့် သူမျက်မှောင်ကုတ်ကာ ခါးထောက်မိလိုက်သည်။

'' လာပြီဟဲ့ လာပါပြီ တကယ်ပဲအသက်ထွက်မတက်ကိုအော်နေတာ.!! ''

ဆူဆူအောင့်အောင့်နဲ့ ဂျီမင့်ဆီအပြေးသွားလိုက်ပြီး ကားနောက်ခန်းထဲက သေချာစည်းနှောင်ထားတဲ့ ဂန္ဓမာပန်းတွေကိုညစ်မဲမဲပြီး လက်ဖျားနဲ့ရိုက်ပစ်လိုက်သည်။

'' ဟာ....ဘာလုပ်တာလဲ ရှေ့လျောက်ထမင်းမစားချင်တော့လို့ ကိုယ့်စီးပွားရေးကိုယ်တုတ်နဲ့ထိုးနေတာလား hyung...''

မျက်စောင်းထိုးကာ ကတ်ကတ်လန်နေတဲ့ဂျီမင့်ကိုအမြင်ကတ်စွာဘုကြည့်ကြည့်လိုက်ပြီး လက်သီးဆုပ်နဲ့ခေါင်းကိုပိတ်ထုပစ်လိုက်သည်။

'' အမလေးး စွာနေလိုက်တာစွာနေလိုက်တာ ကြက်တူရွေးပါးစပ် လုပ်ထလိုက်ရနာဦးမယ်...''

ခေါင်းအထုခံလိုက်ရတဲ့ဂျီမင်ဟာ လက်သေးသေးလေးတွေနဲ့ခေါင်းလေးကိုပွတ်ရင်း ပါးစပ်ကလည်းပွစိပွစိကျိန်ဆဲနေသေးသည်။ တကယ်ကိုအရိုင်းအစိုင်းတုံးလေး။

'' ဟဲ့...မသွားကြ​သေးဘူးလား ဘာရပ်လုပ်နေကြတာတုန်း ငမွှေထိုးနှစ်ကောင်...''

ဂန္ဓမာမုန်လာ ✔Where stories live. Discover now