တရွေ့ရွေ့နဲ့အနက်ရောင်ကားအကောင်းစားလေးဟာ ဂန္ဓမာစံအိမ်နဲ့နီးလာလေ ဆော့ဂျင်တစ်ယောက်ကလေးမွေးခါနီးကိုယ်ဝန်သည်လိုတွန့်လိမ်လာလေဖြစ်သည်။ ဘယ်ဘဝအကုသိုလ်ကအဲ့လောက်များခဲ့ပါလိမ့်။ ဝင်လာပြီဆိုထုနဲ့ထည်နဲ့။
ငါ့ရည်းစားလေးကတော့ဘာမှမသိရှာဘူး။ သူ့ညီဆိုတဲ့ကောင်လေးနဲ့တစ်လမ်းလုံးစကားတွေပြောပြီးဖြီးလာလိုက်တာဆိုတာ။ ချစ်သူအပြုံးကိုမြင်ရင်အေးချမ်းတယ်ဆိုပေမဲ့ ဒီရင်မှာတော့မအေးချမ်းနိုင်ဘူး ပေါက်ကွဲခါနီးမီးတောင်ဝနားမှာငုတ်တုတ်သွားထိုင်နေရသလိုပဲ။
ခြံဝန်းထဲကဝင်လာခဲ့ပြီးကားလေးက အရှေ့ဘက်တည်သီးလှန်းတဲ့အဆောင်နားမှာတုန့်ခနဲရပ်သွားတာများ ဆော့ဂျင်ရင်ထဲငလျှင်ကွက်လှုပ်သွားသလိုပဲ။ ငါ့နှယ် အဖိုးနဲ့တွေ့ရင်တော့ ငါးပါးတင်မက ရှိသမျှအပါးတွေအကုန်မှောက်တော့မှာပဲ။
ရှေ့ခန်းက နမ်ဂျွန်းနဲ့သူ့ညီကရယ်ရယ်မောမောနဲ့ကားပေါ်ကဆင်းသွားပေမဲ့ နောက်ခန်းကဆော့ဂျင်ကတော့မဆင်းနိုင်သေး။ အခုထိ ဘယ်လိုကလိမ်ရမလဲတွေးနေတုနိး။
'' လာလေ...အသဲရဲ့ ဘာတွေလုပ်နေတာတုန်း...''
'' အင်...အမ်း...''
ဉာဏ်နီဉာဏ်နက်တွေဘယ်လောက်သုံးသုံး ကင်ဆော့ဂျင်လေးကံနိမ့်နေပြီထင်တယ်။ ရည်းစားလေးကကားထဲကအတင်းကိုဆွဲပြီးထုတ်တော့လည်း တုန်ချိချိနဲ့မဖြစ်မနေထွက်လာရတော့တာပဲ။
'' ကားမူးနေသေးလို့လား....ကိုယ်တို့နားမဲ့အဆောင်လေးဆီသွားပြီးရင်နားလို့ရပြီနော်...''
'' အမ်း....''
'' ပြီးတော့ စိတ်မပူနဲ့ဒီက ကိုယ်နဲ့သဘောတူထားတဲ့သူကလောလောဆယ်ဒီမှာမရှိဘူးတဲ့ အဲ့တော့နေရခက်မနေနဲ့ဦး... သူ့ရဲ့ဖိုးဖိုးနဲ့ပဲစကားပြောရဦးမှာ သဘောလည်းကောင်းတယ်တဲ့...''
နမ်ဂျွန်းရဲ့စကားအဆုံး ဆော့ဂျင်မျက်နှာလေးငုံ့ကာမချိတင်ကဲနှုတ်ခမ်းလေးကိုကိုက်လိုက်သည်။ ဘာသဘောကောင်းတာလဲ အကုန်သိတယ် ငါအကုန်သိတယ်ရည်းစားလေးရဲ့။ ငါ့အဖိုးအကြောင်းငါအသိဆုံး။
YOU ARE READING
ဂန္ဓမာမုန်လာ ✔
Fiksi Penggemarဂန္ဓမာပန်းခင်းထဲကမုန်လာဥလေးအကြောင်းသိချင်လား။ သိချင် ဖတ်ကြည့်အားရှိမှာသေချာတယ်နော်။ NamJin Jikook