ဂျောင်ကုနဲ့နမ်ဂျွန်းတို့နှစ်ယောက် ရှိုးစမိုးအပြည့်နဲ့ပြင်ဆင်ပြီး ဆိုးလ်မြို့ထဲကနေ နယ်မြို့လေးဆီနှစ်ယောက်သားထွက်လာခဲ့ကြသည်။ လမ်းတစ်လျှောက်လုံးသတို့သားလောင်း နမ်ဂျွန်းပါးချိုင့်ခွက်ခွက်တွေထင်းနေအောင်ပြုံးနေလျှက်ရှိပြီး ဂျောင်ကုကတော့ဒီနေ့မှနဖူးအပြောင်သိမ်းကေနဲ့ ရှပ်အပြာလေးကိုတွဲဖက်ကာခန့်ညားချင်ယောင်ဆောင်သည်။တကယ်တော့ဘေးမှာခေါင်းတခြမ်းစောင်းပြီး ပါးစပ်ကြီးဟကာအိပ်ပျော်နေတဲ့ဂျွန်ဂျောင်ကုရယ်ပါပဲ။
ကားမောင်းနေရင်း ဘေးပတ်ဝန်းကျင်ကိုလှမ်းကြည့်ဖြစ်တော့ အခုထိအမျိုးသားလောင်းလေးရှိတဲ့နေရာတော့မဟုတ်သေးပေမဲ့ နီးစပ်ရာမြို့ငယ်လေးရဲ့အဝင်မို့ စိမ်းစိမ်းစိုစိုလယ်ကွင်းပြင်တွေကအတိုင်းသားကျယ်ပြန့်စွာရှိသည်။
နောက်ပြီးတော့ အဝေးကလှမ်းမြင်နေရတဲ့တောင်တန်းပြာပြာတွေ။ လူအုပ်စုတစ်စ နှစ်စနဲ့ နယ်မြို့ရဲ့စျေးတန်းလေးကလည်းစည်ကားလို့နေသည်။ ဆင်စွယ်ရောင်ရှပ်အကျီနုနုနဲ့ လက်ဖျံတွေပေါ်အောင်ခေါက်တင်ကာ ကားမောင်းနေတဲ့လူကြီးဟာ သူ့အမျိုးသားလောင်းလေးရဲ့မွေးရပ်မြေလေးကိုလွန်စွာသဘောကျလျှက်ရှိသည်။
'' ဒီလိုမြေမှာမွေးလာတဲ့သူလေးကလည်း အရမ်းကိုအေးချမ်းတဲ့သူလေးပဲဖြစ်ရမယ်...''
တစ်ယောက်ထဲကြည်နူးနေရင်း တိုးဝင်လာတဲ့လေကောင်းလေသန့်ကိုလည်းတဝကြီးရှူပစ်လိုက်သေးသည်။ သေချာတယ်။ လက်ထပ်ပြီးရင်တော့မြို့ကအလုပ်ကိုထွက်ပြီး ဒီမှာပဲသူကလေးနဲ့အခြေချတော့မှာပဲ။
'' အမလေး...!!! ဘုရားတွေကြွ!!! ''
စိတ်ကူးကမ္ဘာထဲတိုက်အိမ်တည်နေတဲ့နမ်ဂျွန်းတစ်ယောက် အရှေ့ကအော်သံစူးစူးကြောင့်လန့်ဖြန့်ကာ ကားထဲထခုန်မိသည်အထိရုပ်ပျက်ဆင်းပျက်ဖြစ် ဘေးကဂျောင်ကုကလည်း ရုတ်တရက်လန့်နိုးပြီး သိုင်းကွက်တွေထထုတ်သည်။
'' အမလေး....ဘုရားဗုဒ္ဒေါ ဘာတွေဖြစ်ကုန်တာတုန်း...!!! ''
ဂျောင်ကုဟာအယောင်ယောင်အမှားမှားနိုးတဝက်အိပ်တစ်ဝက်ပင်ဖြစ်နေရှာသည်။ ဘေးကနမ်ဂျွန်းကတော့ ပါးစပ်ကြီးဟကာကျောက်ရုပ်ကြီးလိုငြိမ်ငြိမ်သက်သက်။
YOU ARE READING
ဂန္ဓမာမုန်လာ ✔
Fanfictionဂန္ဓမာပန်းခင်းထဲကမုန်လာဥလေးအကြောင်းသိချင်လား။ သိချင် ဖတ်ကြည့်အားရှိမှာသေချာတယ်နော်။ NamJin Jikook