~ ၅ ~

130 14 0
                                    

[ Unicode ]
-----------------

နွေရာသီမို့လို့အိမ်နောက်ဖေးကွက်လပ်မှာမြေကြီးတွေခြောက်သွေ့ကာသလင်းပြင်လိုဖြစ်နေ၍ နက်ရိူင်းစေတို့အတွက်ဆော့ကစားဖို့နေရာကောင်းတစ်ခုပေါ့လေ ။ သူတို့ရဲ့ဝန်ထမ်းအိမ်ရာဝန်းဆိုတာ ကွင်းပြင်ကျယ်ထဲမှာလုံးချင်း ၁ ထပ်အိမ် ၂ ထပ်အိမ်လေးများကို ဟိုတစ်စုသည်တစ်စုဆောက်ထားပေးထားသောရွာငယ်လေးသာသာပါပဲ ။ အိမ်ရှေ့ခြံတံခါးလောက်သာဝါးကပ်များဖြင့်လုံလုံခြုံခြုံကျကျနနခတ်ထားပြီး ဘေး ၂ ဖက်နှင့်အိမ်နောက်ဖေးတွေမှာတော့သစ်ပင်များကသာခြံစည်းရုံသဖွယ်ကာရံထားလို့ ။ သူခိုးဂျပိုးလည်းကြောက်စရာမရှိ ။ ရမ်းကားမဲ့သူ မျက်နှာမမြင်ဖူးတဲ့သူစိမ်းသူရံဆိုတာလည်းမရှိ၍နေလို့ထိုင်လို့ကောင်းပြီးသာယာလှပါသည် ။

ခက်တာက သက်ဆိုင်နဲ့မြတ်တို့မရောက်ခင်တုန်းဆိုရင်ကလေးသူငယ်မှာသူသာလျှင်ရှိကာ ဘေးမှအိမ်နီးချင်းတွေကလည်းသူနဲ့ရွယ်တူကလေးပါမလာခဲ့ ။ ဒါကြောင့်မို့ ဆော့ချင်ပြီဆိုရင်ကျောင်းကသူငယ်ချင်းတွေကို သူ့အိမ်နောက်ဖေးဘက်ကမြေနေရာလွတ်လေးဆီသို့ချိန်းရတတ်၏ ။ ဖေကြီးကတခြားနေရာကိုသွားဆော့ရင်လည်းမကြိုက်ပြန် ။ ယခုဆို တစ်ကိုယ်တည်းအဖော်မဲ့နေစရာမလိုတော့ ။ သူငယ်ချင်းအသစ်တွေရလာပြီမို့ နက်ရိူင်းအတွက်တော့ပိုက်ဆံကောက်ရတာထက်ပိုပျော်မိပါသည် ။

အခုလည်း မန်ကျည်းပင်အောက်ကမြေသားပျော့ပျော့နားမှာကျင်းအသေးလေးတစ်ခုတူးပြီး သူရယ် ဆိုင်ရယ် မြတ်ရယ် ၃ ယောက်သား ဇယ်တောက်နေကြသည် ။ မေကြီးဖြစ်ဖြစ် ဒေါ်လေးထွေးဖြစ်ဖြစ် ဘုရားဆွမ်းတော်ကပ်ဖို့ဝယ်လာတဲ့သြဇာသီးများက ဆွမ်းတော်စွန့်တဲ့အချိန်ကျရင် သူတို့ကလေးတစ်သိုက်အတွက်တော့ပျော်စရာအတိ ။ အသားဖတ်ကလေးများကိုစားပြီး အစေ့တွေကိုရေဆေးရင်းနေလှန်းကာရေသန့်ဘူးနှင့်သိမ်းထားတတ်စမြဲ ။ ပြီးရင်တော့ ဘယ်သူများလဲဘယ်သူနည်းလဲကြွားကြရင်း ဇယ်တောက်တိုင်းဆော့ရတာကလည်း ဘယ်တော့မှငြီးငွေ့မသွားမဲ့ကစားနည်းတစ်ရပ်ပါပဲ ။

" မြတ် … နင်လက်သည်းအရှည်ထားထားပြန်ပြီလား "

" အဟဲ လက်မလေးတစ်ချောင်းတည်းပါဟယ် … လက်သည်းရှိမှဇယ်တောက်ရတာပိုအဆင်ပြေတာကိုစေရဲ့ … ကဲကဲ ငါတောက်တော့မယ်နော် … ဘေးကနေဝါဒီလာပွားမနေနဲ့ သူများကျင်းမဝင်အောင် "

ဝေး ( ongoing ) ေဝးWhere stories live. Discover now