"မြဲညီကို စံအိမ်"
ဟို အရင်ကလို ခမ်းနားထည်ဝါလျှက် ရှိနေသော "မြဲညီကို" စံအိမ် ကို မြဲဂုဏ်ရှိန် ကြည့်ပြီး နှစ်ခြိုက်စွာ ပြုံးလိုက်မိလေသည်။
"မြဲညီကို စံအိမ်" ဆိုသော အမည်နာမ က စံအိမ်ကြီး၏ ပိုင်ရှင် ဉီးမြဲမြံအောင် နှင့် ဉီးမြဲမြင့်မား တို့အား ရည်ရွယ်ပေးထားသော အမည်နာမ ဖြစ်သည်။ ဉီးမြဲမြင့်မား မရှိတော့သည် အချိန်မှ စ၍ ထိုစံအိမ်ကြီး ခြောက်ကပ်ခဲ့သည့်က မြဲဂုဏ်ရှိန်တို့ သားမိ ပြန်လည်ရောက်ရှိလာချိန်မှသာ ပြန်လည် စိုပြေလာခဲ့ခြင်းဖြစ်သည်။
"ဟို အောက်က ဉီးလေး၊ အပင်အောက်က ဖယ်နော်၊ ခေါင်းပေါ် အုန်းသီးပြုတ်ကျလို့ အတိတ်မေ့သွားရင် ကျွန်မ တာဝန်မယူဘူး"
"ဟမ်"
အုန်းပင်ပေါ်မှ အသံကြားသဖြင့် မော့ကြည့်လိုက်တော့ ဆံပင်ဘုတ်သိုက်နဲ့ ချာတိတ်မ တစ်ယောက်။ ဂုဏ် ချာတိတ်မကို ခါးထောက်ကြည့်လိုက်ပြီး
"မင်းက အဲ့ အပင်ပေါ် ဘာတက်လုပ်နေတာလဲ"
"အုန်းသီးခူးနေတာလေ ဉီးလေးကြီး မမြင်ဘူးလား"
"ဟာ မြင်လို့ မေးနေတာပေါ့၊ ဘယ်နှယ် မိန်းကလေးတန်မဲ့ အပင်ပေါ်တက် ကမြင်းကျောထရတယ်လို့"
"ဘာပြောတယ်၊ ကဲဟာ"
"ခွပ်"
"အား"
အပေါ်မှ အုန်းသီးအနုအသေးတစ်လုံးကို ခူးကာ ဂုဏ် အားပစ်ပေါက်လိုက်လေသည်။ ထို အုန်းသီးက ဂုဏ် နဖူးပေါ် မှန်သွားလေတော့သည်။
"ဟာ မင်း "
"မှတ်ပလား အဲ့ဒါလျှာရှည်ချင်ဉီး"
"မင်း တွေ့မယ် အောက်ဆင်းလာရင် တောက်"
ဂုဏ် တောက်တစ်ချက်ခက်ကာ အိမ်ထဲဝင်သွားသည့်ကို ရိုး ကြည့်ပြီး လျှာထုတ်ပြောမိလိုက်လေသည်။
အလကားလူကြီး လူကို တွေ့လျှင် မာနကြီး တစ်ခွဲသားဖြင့် အမြဲရန်ဆောင်နေသူကြီး။ တစ်ခါတစ်လေ ဒီလိုလေး ပညာပြလိုက်ရသည့်က ဘယ်လောက် အရသာရှိလိုက်သလဲ အဟီး။
ကြာနွယ်ရိုး ကိုယ့်အတွေးနှင့် ကိုယ် ပြုံးလိုက်မိသည့် အထိပင်။
📃📃📃
YOU ARE READING
ဦးရဲ့မူပိုင်ရှင်ချစ်ဇနီး
Romanceမတည့်အတူနေ😁😁😁 "အဲ့ဒါတော့ မေမေ မတရားဘူး၊ ရိုးက ကလေးပဲ ရှိသေးတာ ယောကျာ်းပေးစားနေတယ်၊ ယူချင်ရင် မေမေ ဖာသာ ယူပါလား၊ ရိုးတော့ ယောကျာ်းမယူနိုင်ဘူး" "တယ် ငါလုပ်လိုက်ရ ဒီကလေးမ" "ဟုတ်တယ်လေ ၊ ရိုးမှ ယောကျာ်းမယူချင်တာ၊ ရိုး အစားမေမေ က ယောကျာ်းယူလိုက်လေ ၊ အာ...