Ep-4

2.2K 47 21
                                    

"သား "

"ဗျာ ဒယ်ဒီ"

သားဖ သုံးယောက် ဧည့်ခန်းတွင် ထိုင်နေစဉ် ဦးမြဲမြံအောင် သားဖြစ်သူကို သေချာကြည့်လိုက်ပြီး

"သား အိမ်ထောင်ပြုဖို့ စိတ်မကူးသေးဘူးလား"

"ဟို အဲ့ဒါကလေ ဒယ်ဒီ"

"ဒယ်ဒီတွေ မာမီတွေ လုပ်မနေနဲ့၊ သားမှာ ချစ်သူရှိလား၊ ဒါပဲ မာမီ သိချင်တယ်"

စိတ်မြန်သူက ဒေါ်ခြူးမာယာ။

"မရှိပါဘူး မာမီ"

"အင်း ဒါဆို သားကို မာမီတို့ အိမ်ထောင်ချပေးချင်တယ်"

"ဘယ် ဘယ်သူနဲ့လဲဟင်"

ဂုဏ် သိချင်စိတ်ဖြင့် မေးမိလေတော့

"ဘယ်သူကမှာလဲ ကြာနွယ်ရိုးလေးပေါ့"

"ဗျာ"

သူ့ မျက်ဝန်းတွေ ပြူးကျယ်ဝိုင်းစက်သွားရပြီး

"မာမီ တကယ်ပြောနေတာလား"

"တကယ်ပြောနေတာပေါ့၊ မာမီက သားကို ညာရမှာလား"

"အဲ့လိုတော့ မဟုတ်ဘူးလေ မာမီ"

"ဒါဆို ဘယ်ဟာက ဘယ်လိုလဲ"

"ကြာနွယ်ရိုးကရော သဘောတူကြည်ဖြူရဲ့လား"

သားဖြစ်သူ၏ ကလေးကလား မေးခွန်းကြောင့်  ဒေါ်မာယာ ပြုံးလိုက်ပြီး

"သားရယ် ကလေးအတွေးတွေ သိပ်တွေးမနေနဲ့ ၊ မာမီတို့ လက်နဲ့ရေးတာကိုသာ ခြေနဲ့ဖျက်ဖို့ မကြိုးစားနဲ့"

ဂုဏ် ဘာမှဆက်မပြောဘဲ ပြုံးလိုက်မိလေသည်။ အမှန်တကယ်တော့ ကိုယ့်လည်း ဒီချာတိတ်ကို စိတ်ဝင်စားနေတာ မဟုတ်ပါလား။ တကယ်တမ်း မိဘသဘောတူ ကြည်ဖြူလက်ထပ်ပေးမည် ဆိုတော့ ရင်ခုန်စရာကောင်းသား။
                      📃📃📃

"မိရိုး အဲ့ဒါဘယ်ကပြန်လာတာလဲ"

အိမ်ထဲသို့ လှမ်းဝင်လာသော ရိုးကို ဒေါ်သီသီ လှမ်းမေးလိုက်ခြင်းပင်။

"ရိုး လမ်းထိပ် ဝက်သားဒုတ်ထိုး သွားစားရင် ပေသီးတို့နဲ့ ဘောလုံးသွားဆော့တာ အဟီး"

မိခင်အား မချိသွားဖြဲ ရယ်ပြလာသူက ရိုးပင်။ ဒေါ်လီလီ သမီး စကားကြောင့် ဒေါသအမျက်အနည်းငယ်ရှသွားရကာ

ဦးရဲ့မူပိုင်ရှင်ချစ်ဇနီးМесто, где живут истории. Откройте их для себя