Ep-2

1.3K 44 0
                                    

ရိုး မေမေ မသိလေအောင် အိမ်မှ ခိုးထွက်ခဲ့လေသည်။ ဒေါ်လီလီ တစ်ယောက် သမီးဖြစ်သူအား ကလေးစိတိမကုန်သေးသဖြင့် စိတ်မချဖြစ်ကာ အိမ်ထဲမှ အိမ်အပြင် မထွက်စေရန် ဂရုစိုက်သော်လည်း ကြာနွယ်ရိုး ဆိုသော သူမလေး၏ ထုံးစံအတိုင်း လုပ်ချင်သည့်ကို ဖြစ်အောင်လုပ်တတ်သည့် ဇလေး အတိုင်း အိမ်အပြင်ခိုးထွက်ကာ လမ်းထိပ် ဘောလုံးကွင်းသို့ ဦးတည် ထွက်လာခဲ့လေသည်။

"ဟာ မမရိုး လာပြီ"

ဘောလုံးကွင်းထဲမှ ကလေးတစ်သိုက် ရိုးကို တွေ့လိုက်လေတော့ ရိုးထံပြေလာကြလေသည်။

"အချိန်မရှိဘူး လာ ဘောလုံးကန်မယ်"

"ဟုတ်မမရိုး"

ရိုး ဆိုသည့်မှာ အဲ့လိုပါ။ ကစားမက်သည့် အပြင် အစားအသောက်ကလည်း မက်သေးသည်။

ကလေးတစ်အုပ်နှင့်  ဘောလုံးကွင်းထဲ ပြေးလွှားဘောကန်နေသည့် က ရိုး။

"ဒုန်း "

"ဟာ သွားပြီ"

လမ်းဖြတ်သွားနေသော ကားတစ်စီးအား ဘောလုံးက သွားမှန်ခြင်းပင်။ ထိုကားပိုင်ရှင်မှာ အခြားသူ မဟုတ်ပေ။ မြဲဂုဏ်ရှိန်ပင်။

ဂုဏ် ကားမှန်ကို လာမှန်သော ဘောလုံးကြောင့် ကွင်းလယ်ခေါင်ကို လှမ်းကြည့်လိုက်တော့ မြင်လိုက်ရသော ချာတိတ်မကြောင့်  မျက်ခုံးကို တွန့်ကြုတ်၍ ကားပေါ်မှ ဆင်းလာခဲ့လေသည်။ သွက်လက်သော ခြေလှမ်းတို့က ရိုး ရှိရာသို့ တစ်လှမ်းချင်း။

"ကြာနွယ်ရိုး"

"ရှင် ဟီး"

သွားဖြဲကာ ရယ်ပြနေပုံက အသဲယားစရာ။ ဂုဏ် သူမ လက်ကို စိတ်အချဉ်ပေါက်ပေါက်ဖြင့် ဆောင့်ဆွဲလိုက်တော့

"အာ ရှင် ရှင်ကြီး ဘာလုပ်တာလဲ လွှတ် လွှတ်"

"ဘာလုပ်တာလဲ ဟုတ်လား၊ မင်းလို နို့နံမစင်သေးတဲ့ အူတူတူချာတိတ်မကို ပညာပေးမလို့"

"ဘာ  ဘာ ရှင်ကြီး အနိုင်မကျင့်နဲ့နော်"

"ငြိမ်ငြိမ်နေနော် မဟုတ်ရင် မင်းကို ပွေ့ခေါ်ရလိမ့်မယ်"

"ရှင့်ကြီး အသားမယူနဲ့နော်"

"ဟာ ဒီလောက်ပြောမရတဲ့ ဟာလေး၊ လာခဲ့"

ဦးရဲ့မူပိုင်ရှင်ချစ်ဇနီးWhere stories live. Discover now