Ep-3

1.1K 36 1
                                    


ကလေးပီပီ ဆိုးနွှဲ့တက်သည့် ကြာနွယ်ရိုး အကျင့်လေးများက ဆိုးသည့်ဟု ထင်လောက်သော်လည်း အမှန်တကယ်က ချစ်စရာပင်။

ဝက်သားဒုတ်ထိုးဆိုင်ရောက်ကတည်းက ပလုတ်ပလောင်း ဒုတ်ထိုးစားနေသော ရိုး ကို ကြည့်ကာ ဂုဏ် ပြုံးမိလေသည်။ တကယ်ပင် ချာတိတ်လေးပါ။ အူတူတူနှင့် တကယ့် ကလေးစတိုင်လေးပင်။

"ဦးလေး စားပါဦးလား"

"စားပါ ညည်းစားရင် ကျုပ်ငတ်သလိုပါပဲ"

"ဟွန် ဦးလေးကလဲ"

နှာခေါင်းလေးရှုံ့ကာ မဲ့သွားပုံက ပါးဖောင်းဖောင်းလေးကို ဖျစ်ညစ်ချင်စရာပင်။ ဂုဏ် သွားတက်ကလေး ပေါ်အောင် ပြုံးလိုက်ပြီး

"ကြိုက်လား ဒုတ်ထိုး"

"ကြိုက်တာပေါ့ အဟီး"

သွားတန်းလေးတွေ ပေါ်အောင် ရယ်ပြနေပုံက အမြင်ကပ်ချင်စရာ။

"မင်းကြိုက်သလောက်စား၊ ပြီးရင် ကိုယ့်ရှင်းမယ်၊ဒီက ပြန်ရင် မင်းကို ကိုယ် ဝက်ဝံအရုပ်ကြီး ဝယ်ပေးမယ်"

"တကယ် တကယ်လား ဦးလေး"

"အင်း တကယ်ပေါ့"

"ဟေး ပျော်လိုက်တာ အဟီး"

တကယ် တကယ် ကလေးလေးပါ။ အသက် ၁၈ နှစ်အရွယ် သူမလေးက အမှန်တကယ်ပင် ချစ်စရာကောင်းသည့်ကို မည်သို့မှ ငြင်း၍ မရပေ။  သူပင် သူမလေးကို ကြည့်ရင်း အသဲယားနေမိသည့်မှာ အမှန်ပင်။
                       📃📃📃

"သား ဘယ်ကပြန်လာတာလဲ"

မာမီ အမေးကြောင့် ဂုဏ် ပြုံးစိစိလုပ်ရင်း

"ကြာနွယ်ရိုးကို မုန့်သွားဝယ်ကျွေးတာ"

သားဖြစ်သူ၏ အဖြေ စကားကြောင့် ဒေါ်ခြူးမာယာ အံ့သြသွားရပြီး

"အမယ် ငါ့သားက အထူးအဆန်းတွေ လုပ်နေပါလား၊ ဆိုပါဦး ဘယ်တုန်းက ရိုးလေး အပေါ် အမြင်ကြည်သွားတာလဲ"

မိခင်ဖြစ်သူ၏ အမေးကြောင့် ဂုဏ် စပ်ဖြီးဖြီးပြုံးလိုက်ပြီး

"အမှန်တော့ အဲ့ကောင်မလေးက ချစ်စရာကောင်းပါတယ် မာမီရာ၊ တကယ်ကလေးလေး လိုပဲမာမီရယ်"

ဦးရဲ့မူပိုင်ရှင်ချစ်ဇနီးWhere stories live. Discover now