unicode
.
.
."ဟင့် "
ခွေးပေါက်စလေးလို ရင်ခွင်ထဲအတင်းတိုးဝေ့နေတဲ့ ရိပေါ်ဆီက ရှိုက်သံတစွန်းတစလေးထွက်လာတော့ ရှောင်းကျန့် ကြောင်အနေရာကသတိဝင်လာပီး ရိပေါ် လက်မောင်းကနေကိုင်ပီးလူချင်းခွာလိုက်တယ် ။
"မင်းကဘာလို့ငါ့အိမ်ရောက်နေရတာလဲ
မင်း အခုဆို မင်းရဲ့ လင်းဆိုတဲ့ကောင်နဲ့ မင်းအကိုကျိရန်နဲ့ ပဲရှိနေရမှာ မဟုတ်ဘူးလား "နာကျင်မှူတချို့ကိုဒေါသအဖြစ်ပုံသွင်းမိတော့ ခေါင်းငုံ့ထားတဲ့ ကောင်လေးဟာ ပုခုံးလေးတွေလှုပ်တဲ့အထိငိုတယ်။
"ကိုကို ဘာတွေပြောနေတာလဲ
လင်း ကိုလဲမသိဘူး ကျိရန်ကိုလဲမသိဘူး
ကျွန်တော်သိတာ ကိုကိုပဲရှိတယ်။ကိုကို က ကျွန်တော့်ကို မချစ်တော့လို့လား "
ပြောပီးကောင်လေးကခေါင်းမော့လာတယ်။
မင်းကသာ ကိုယ့်ကိုမချစ်တော့လို့ကိုယ့်ဆီကပြေးထွက်သွားတာလို့ပြောမယ် ့ စကားလုံးတိူ့ဟာ ပျောက်ရှသွားတယ်။မျက်ရည်စိုနေတဲ့ မျက်ဝန်းတစ်စုံနဲ့အကြည့်ဆုံသွားတယ် ။
ဝမ်ရိပေါ် လေးကငိုနေတယ် ။ရိပေါ် ဘာလို့ငိုနေလဲမသိပေမယ့် ရှောင်းကျန့်ရိပေါ်လေးကိုခွင့်လွှတ်ပေးဖို့အဆင်သင့်ပဲ ။
"ကိုကို ပျောက်သွားသလိုခံစားနေရတာ
ကိုကို ကျွန်တော့်အဝေးကိုထွက်ပြေးသွားသလို ခံစားနေရတာ ဟင့်..."ပြောပီးငိုလာတဲ့ ရိပေါ်ဟာ ရှောင်းကျန့် ရင်ခွင်ထဲ ပြန်တိုးဝေ့လာတယ် ။
ဒီတစ်ခါတော့ ရှောင်းကျန့် ရိပေါ်ကို ပြန်ပွေ့ဖတ်ထားရင်း အုံးနှောက်ကိုအလုပ်ပေးမိတယ် ။ရိပေါ် မနေ့က ကွာရှင်းထားတာကိုမမှတ်မိဘူးလား ။
"ရိပေါ် မနေ့က ဘယ်သွားသေးလဲ "
"ကျောင်းပဲသွားတာပေါ့ ကိုကိုကလဲ ကျောင်းလစ်ပီးလျှောက်သွားတယ်ထင်ပြန်ပီလား ။"
သေချာတယ် ။
ရိပေါ်တစ်ခုခုဖြစ်သွားတာပဲ ။
ရိပေါ်မှာ ရှောင်းကျန့်မသိတဲ့ကိစ္စတစ်ခုဖြစ်သွားတာပဲ ။
လောလောဆယ် တော့ ရင်ခွင်ထဲကရိပေါ်ကိုချော့ရပါအုံးမယ် ။