unicode
.
.
.ရင်ခွင်ထဲမှာအိပ်နေတဲ့ ရိပေါ်လေးကို မနိုးသွားအောင် ဘေးကိုချပီး စာကြည့်စားပွဲမှာဝင်ထိုင်လိုက်တယ်။
အံဆွဲထဲက စာအုပ်ဝါဝါလေးကိုဆွဲထုတ်ပီး ပထမဆုံး စာရွက်ကိုစ ဖတ်လိုက်တယ်။
_ ဖန်ရှင်း မိတ်ဆက်ပေးတဲ့ အကိုကြီးက အရမ်းချောတယ် ။
ပထမဆုံး ကျွန်တော့် ရင်ခုန်သံကိုပြန်ခံစားရတယ် ။_စာကြောင်းတိုလေးက ရှောင်းကျန့်ကိုပြုံးသွားစေခဲ့တယ်။
ကောင်လေးလဲ ရှောင်းကျန့် နည်းတူ ရင်ခုန်ခဲ့တာပဲ။နောက်တစ်ရွက်ထပ်လှန်လိုက်တယ်။
_ စီနီယာ ရှောင်းကျန့် က ကျွန်တော့် ကိုချစ်တယ်တဲ့ ။
ဖန်ရှင်း ပြောထားလို့ စီနီယာ ကျွန်တော့်ကို ကြိုက်နေတာသိပေမယ့် စီနီယာ့ ဆီက ကြားရတော့ ပိုစိတ်လှုပ်ရှားစရာကောင်းတယ် ။_အတိတ်တွေကိုပြန်ရောက်သွားသလိုပါပဲ။
ကျောင်းဝန်းထဲက မေဘယ်လ်ရွက်တို့ကြွေကျရာ လမ်းတစ်လျှောက် မှာ ဖွင့်ပြောမိတော့ ကောင်လေးက အရှက်လွန်နေခဲ့တယ်။_ စီနီယာ နဲ့ ချစ်သူ ဖြစ်ရင် ကျွန်တော် က စီနီယာ့ကို ကိုကို လို့ခေါ်မယ်။
ကျွန်တော် လဲချစ်နေတာမှန်ပေမယ့် အဖြေပြန်ပေးဖို့ကတော့ မဝံ့ရဲသေးဘူး ။_အဖြေမရခင်ထဲက ရိပေါ်က ရှောင်းကျန့်ကိုပြန်ချစ်နှင့်ပီးသားဆိုတာသိရတော့ ကျေနပ်မှုက စိုးမိုးတယ်။
_ကိုကို က ကျောင်းမှာ အရမ်းနာမည်ကြီးတာပဲ။
ကိုကို့နာမည် ကို အတန်းထဲကကောင်မလေးတွေ ခေါ်တာ ခဏခဏကြားရတယ်။
ကျွန်တော်သဝန်တိုတယ်။
မဖြစ်ဘူး ကိုကို့ကို မြန်မြန်အဖြေပြန်ပေးမှဖြစ်မယ် ။_ကျေးဇူးပါ အမိတို့ရယ်။
ခင်များလေးတို့ကြောင့် အဖြေမြန်မြန်ပြန်ရတာ ။
၃ လ ကိုမြန်တယ်ဆိုတဲ့ကောင်လေးက အတန်းထဲက ကောင်မလေးတွေကြောင့်သာမဟုတ်ရင် ဘယ်လောက်ကြာထားမလဲ ။_ ကျွန်တော့် ကိုကို့ကိုချစ်တယ်လို့ပြန်ပြောတော့ အပျော်လွန်နေတဲ့ ကိုကို့မျက်နှာလေးက အရမ်းကြည့်ကောင်းတာပဲ ။
ချစ်လိုက်ရတာ ကိုကိုရယ်။_