unicode
.
.
." ရိပေါ်လေး ဒီထက်နေကောင်းလာအောင်ကိုကိုတို့ဆေးကုကြ ရအောင်နော် ။"
ပုခုံးနှစ်ဖက်ကိုလက်နှစ်ဖက်နဲ့ဆုပ်ကိုင်ပီး ကြင်ကြင်နာနာလေးပြောတဲ့အခါ ကြောင်လေးပွေ့ထားတဲ့ ကလေးကခေါင်းလေးငြိတ်ပြလေရဲ့။
"ဟုတ်ကဲ့ ။"
လိုအပ်တဲ့အသုံးအဆောင်ပစ္စည်းတစ်ချို့နဲ့ အဝတ်အစားအနည်းငယ်ကို ခရီးဆောင်အိတ်ထဲ ထည့်ပီးကားနောက်ခန်းထဲထည့်လိုက်တယ်။
အိမ်သော့ခတ်ပီး ကြောင်ချီထားတဲ့ကောင်လေးရဲ့နှဖူးကိုတစ်ချက်နမ်းလိုက်ပီး လက်ဆွဲပီး ကားထဲထည့်တယ်။
ခါးပတ်ပတ်ပေးပီး ကားစက်နှိုးတယ်။
ခြံအပြင်ရောက်တော့ ကားစက်မသတ်ပဲ ကားပေါ်ကဆင်းလို့ခြံတံခါးသော့ခတ်တယ်။ပီးနောက်ကားထဲပြန်ဝင်ပီး ကားဆက်မောင်းတယ်။
၈ နှစ်ခန့် ကျောပေးခဲ့တဲ့ အရိပ်တစ်ခုဆီပြန်လည်ခိုဝင်ရပါအုံးမယ်။
.
.
."လာ ရိပေါ်"
ကြီးကျယ်ခမ်းနားလွန်းတဲ့အဖြူရောင်အိမ်တော်ကြီးကို ငေးနေတဲ့ကလေးလက်ကိုဆွဲပီး အိမ်တော်ထဲကိုဝင်တယ်။
အိမ်တော်ရဲ့အဝင်အဝမှာ မမရှောင်းလုံ နဲ့ ပါးနဲ့မားက ရပ်ပီးစောင့်နေတယ်။
"သား ရှောင်းကျန့်သားတကယ်ပဲပြန်လာတယ်ပေါ့နော်။"
"မနေ့က ရှောင်းလုံကသားပြန်လာမယ်လို့mailပို့တယ်လို့ပြောတာ မားမယုံဘူး။
မားသားလေးကိုတသက်လုံးမတွေ့ရတော့ဘူးထင်ထားတာ ။"မယုံနိုင်သလိုရေရွတ်နေတဲ့မားက ရှောင်းကျန့်ကိုပြေးဖတ်ပီးငိုတယ်။
"ရှောင်းကျန့် နင်ကလေးမွေးထားတာလား"
အနားရောက်လာပီး ပြောလိုက်တဲ့မမရှောင်းလုံကြောင့် မားကအခုမှရိပေါ်ကိုသတိထားမိသွားပုံပဲ။
ရှောင်းကျန့် ကိုဖက်ထားရာကခွာပီး ရိပေါ်ကိုကြည့်တယ်။
"ရှောင်းလုံကျဲ နင်ကလေ အဲ့ဒါကြောင့်ခုထိယောကျာ်းမရတာ ဒါကငါ့သားဖြစ်မလား"