ပတ်၀န်းကျင်တစ်ခုလုံးအုံ့စိုင်းနေတာကြောင့် လူအသွားအလာသိပ်မရှိသော်လည်း တစ်ယောက်သောသူကတော့ လက်ထဲမှကိတ်မုန့်ဘူးလေးကိုင်ကာ ပြုံးရွှင်လျှက်ရှိသည်။ထိုကောင်လေးရဲ့မျက်နှာမှာ အရင်လိုခက်ထန်မနေပဲ ကြည်လင်နေတာလည်းဖြစ်၏။ပုံမှန်၀တ်နေကျအ၀တ်အစားတွေထက်ခြားနားကာ အဖြူရောင်shirtလေးကိုပဲရိုးရှင်းစွာ၀တ်ထားတာကြောင့် အိုင်ဗန်ရဲ့ပုံပန်းသွင်ပြင်မှာ သပ်ရပ်ကာကြည့်ကောင်းနေသည်။
" အိုင်ဗန် "
မလှမ်းမကမ်းမှလက်လှမ်းပြကာ ပြေးလာတဲ့လင်းရောင်ကြောင့် အိုင်ဗန်ကလက်ပြန်ပြရင်းပြုံးပြလိုက်သည်။၀တ်နေကျပုံစံထက် အနည်းငယ်ကွဲထွက်ကာပြင်ဆင်ထားမိတာမို့ အိုင်ဗန်ကရှက်ကိုးရှက်ကန်းဖြင့် လင်းရောင်ကိုအကြည့်လွှဲလိုက်၏။
" အံမယ် အိုင်ဗန်တို့ကသန့်ပြန့်လို့ပါလား "
" ဒီအတိုင်းပဲ၀တ်လာကြည့်တာ "
" ဒါပေမယ့် မင်းနဲ့အတော်လေးကြည့်ကောင်းတယ် အိုင်ဗန်သာအချောဆုံး "
လက်မထောင်ပြကာ ချီးကျူးနေတဲ့လင်းရောင်ကြောင့် အိုင်ဗန်ကအနေခက်ကာသူ့လည်ဂုတ်ကိုလက်နဲ့ပွတ်ရင်း အခြားဘက်သို့အကြည့်လွှဲလိုက်၏။နှလုံးခုန်သံတွေကလည်း သူ့ရင်ဘတ်ထဲ၌စည်းချက်မညီတော့ပေ။
" မင်းလက်ထဲက ဘာလဲ "
လက်ညိုးထိုးကာ စူးစမ်းလာတဲ့လင်းရောင်ကြောင့် အိုင်ဗန်ကသူ့လက်ထဲမှကိတ်မုန့်ဘူးလေးကိုငုံ့ကြည့်ရင်း လင်းရောင်ရဲ့လက်ထဲသို့ထည့်ပေးလိုက်၏။
" မင်းအတွက် "
" ငါ့အတွက်? "
" အင်း "
" အထဲကဘာလဲ "
" ကိတ်မုန့် "
" အခုစားလို့ရမလား "
" ရတာပေါ့ "
ခေါင်းညိတ်ကာခွင့်ပြုလိုက်တော့ လင်းရောင်ကထိုကိတ်မုန့်ဘူးကိုဆွဲယူရင်း သူ့အနီးအနားမှခုံတန်းတွင်ဆွဲဖွင့်လိုက်သည်။
" လင်းရောင် '
" အင်း "
" ဒီကိတ်မုန့်ကိုလေ ချစ်စရာပုံစံတွေနဲ့ပုံမဖော်တတ်တာမို့လို့ I love youဆိုတဲ့စာလုံးလေးပဲရေးခိုင်းလိုက်တယ် မင်းသဘောကျပါ့မလားတော့ မသိဘူး "