မူးနောက်နောက်အာရုံကြား လင်းရောင်ခေါင်းခါကာ အသိစိတ်ပြန်ထိန်းလိုက်ပြီး ၀ေ၀ါးနေတဲ့မျက်လုံးများကို အားယူကာဖွင့်ကြည့်လိုက်သည်။ကုတင်ခြေရင်း၌ထိုင်ကာအဓိပ္ပာယ်မဖော်နိုင်တဲ့ ပုံများကိုရေးခြစ်နေတဲ့အိိုင်ဗန်ကြောင့် လင်းရောင်အနည်းငယ်စိတ်ရှုပ်သွားတာတော့အမှန်။
" ကောင်းမြတ် "
ခပ်အေးအေးအနေအထားဖြင့် လှမ်းခေါ်လိုက်တော့ အိုင်ဗန်ကလက်ထဲမှခဲတံကိုချရင်း လင်းရောင်ကိုချက်ချင်းလှည့်ကြည့်လာသည်။
" မင်းငါ့ကိုဘာဆေးတွေတိုက်ထားတာလဲ "
" ဘာမှမတိုက်ထားဘူး "
" ငါ့ကိုငတုံးများထင်နေလား ငါ့ခေါင်းတခုလုံးမူးနောက်နေတဲ့အထိဖြစ်သွားအောင် ငါစားခဲ့တဲ့အစားအသောက်တွေထဲဘာတွေထည့်ထားတာလဲ "
" ထွက်မပြေးနိုင်အောင်လို့လုပ်ထားတာလေ အထူးအဆန်းများဖြစ်သွားသလား? "
တမင်စိတ်တိုအောင်လာဆွနေတဲ့ရန်စကားကြောင့် လင်းရောင်ထိုအိပ်ယာပေါ်မှကုတင်ခြေရင်းကိုချက်ချင်းဆင်းကာ ကောင်းမြတ်ရဲ့အင်္ကျီကော်လံကိုလှမ်းဆွဲလိုက်သည်။
" မင်းဘာသာမင်းဘယ်လောက်အဆင့်အတန်းမြင့်တဲ့ မျိုးရိုးကဖြစ်နေပါစေ ငါ့ကိုတော့အထက်စီးကနေလာမဆက်ဆံနဲ့ ! "
" အထက်စီးဆန်တဲ့စကားများ ပါသွားလား "
" မင်းပြောလိုက်တဲ့စကားတိုင်းက အထက်စီးဆန်နေတာချည်းပဲ "
" အဲ့တော့ "
မျက်နှာကိုတည်ကာ မျက်ခုံးပင့်ပြလိုက်တဲ့အိုင်ဗန်ကြောင့် လင်းရောင်ရဲ့ဒေါသစိတ်တွေကပို၍ဆူပွက်လာသည်။
" မင်းအိမ်ထဲမှာ အချိန်ခဏလေးတောင်မနေချင်တာမို့ ငါထွက်သွားမယ် "
" သွားပေါ့ "
" မင်းကိုလေ ငါတို့ရဲ့အတန်းခေါင်းဆောင်မို့လို့သည်းခံပေးနေတာ ...သူစိမ်းလူသာဆို မင်းမျက်နှာကိုစုတ်ပြတ်သတ်သွားတဲ့အထိ ထိုးပစ်မှာ "
" စကားများနေမဲ့အစား အမြန်ထွက်သွားလိုက်ပါလား အာရုံနောက်တယ် "