<< Unicode >>
PaPa~~
ချစ်ခြင်းတရားက 528ကိုကျော်လွန်မိသောအခါ သူတို့ရဲ့တွေ့ဆုံမှုကို အပြစ်တင်ရုံမှ တစ်ပါး အခြားလုပ်ဆောင်နိုင်ရာ မရှိ....
___________________________
ဟရူတိုက သိတဲ့အတိုင်း uniကျောင်းသားဖြစ်တာကြောင့် ပါတီ ပွဲတွေ တက်ဖြစ်လာသည်။ အခုလည်း ကျောင်းပါတီ ပွဲ တက်ရောက်နေခြင်း... ကျောင်းနှစ်ကျောင်းက စုလုပ်တဲ့ပွဲမို့ လူလည်းအတော်များသည် ။ဇယားလေးတွေကလည်း အလန်းလေး တွေဖြစ်တာမို့ လူငယ်တွေအကြိုက်~ သူငယ်ချင်းတွေ မြှောက်ပေးမှုဖြင့် မိန်းကလေးတစ်ယောက် နှင့်တွဲက လိုက်ရသည် ။.. မထင်မှတ်ပဲ ထိုမိန်းကလေးက သူ၏နှုတ်ခမ်းအား နမ်းလိုက်တာမို့ အရှောင်တော်တဲ့ဟရူတိုရဲ့ ပါးကို သာ နမ်းမိ သွားသည်။ ဟရူတိုလည်း အာရုံနောက်လာတာမို့ ထိုမိန်းကလေးကို ထားခဲ့ပြီး ပါတီ ပွဲက ပြန်လာလိုက်သည် ။မထင်မှတ်ထားတာက ပါတီပွဲမှာ တွဲက မိတဲ့ မိန်းကလေးရဲ့ ရည်းစားဖြစ်သူဟာ ဟရူတိုအား ပြသနာ ရှာတော့သည်။ လူအများနှင့်တစ်ယောက်ဖြစ်တာမို့ ဟရူတိုအထိနာ လာရသည် ။လူနှစ်ယောက်က သူ့အား ချုပ်ထားပြီး နောက်တစ်ယောက်က သူ့မျက်နှာအား တုတ်ဖြင့် ရိုက်ရန် ပြင်လိုက်စဥ်
"ရူတို! "
ဂျွန်ဂယူက တုတ်ကြီး တစ်ကားကား နှင့် ဟရူတိုရှိရာသို့ ပြေးလာနေသည်။ ဟရူတို နာကျင်နေသည့်ကြားက ပြုံးလိုက်မိသေး။ သူရဲ့ လူစွမ်းကောင်းလေး ပါးပါးဟာ မျက်လုံးစုံမှိတ်၍ တုတ်ကြီး တရမ်းရမ်း ၀င်လုပ်တော့သည်။
" အ့ ပါးပါး... နာတယ် "
သူ့အသံကြားမှ မျက်လုံးဖွင့်ကာ သူ့အား ကြောင်တောင်တောင်လေး ကြည့်သည် ။
"ဟိုကောင်တွေရော ? "
"ပြေးပြီလေ ဟိုမှာ ရဲတွေလာလို့ "
" အော် "
"ပါးပါးက မျက်လုံးမှိတ်ပြီး စွတ်ရိုက်နေတော့တာပဲ နာကုန်ပြီ "
မျက်လုံးကြီးမှိတ်ကာ တုတ်ကိုအားကြီးနဲ့လွှဲလာတဲ့ပါးပါးကြောင့် ဟရူတိုက လက်နှင့်ကာလိုက်တာမို့ အောင့်တက်သွားရသည် ။အခုလည်း အဲ့လက်လေးကို ကိုင်ထားရင်း ပါးပါး ကိုပြောမိသည်။