သ၀န်တိုခြင်း

659 84 6
                                    

<< Unicode >>

PAPA

ဟရူတို က Companyကို ဦးစီးလာတာ အခုဆို တစ်လပင်ရှိပြီ ။ တစ်လအတွင်း
ဟရူတို ရဲ့ ဂုဏ်သတင်းကလည်းအကောင်းတွေချည်းသာ ထပ်နေတော့သည် ။
ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်လုပ်တာလည်း ထက်မြက်မှုရှိတဲ့ ဟရူတိုက ပါတနာတွေရဲ့ ယုံကြည်အားထားမှုကိုလည်း ရထားတဲ့အပြင်  ပြိုင်ဘက်companyတွေထက်လည်း သာလွန်လို့နေသည် ။ ဖွားဖွားကတော့ ထုံးစံအတိုင်း ကြင်ဖက်တွေ့ပေးပေမယ့် ဟရူတိုနဲ့ပါးပါးကလည်း ထုံးစံအတိုင်းပညာပြသည်လေ။ အခုဆို ပါးပါးမှာ မိန်းကလေး၀တ်စုံတွေ အများကြီးရှိနေပြီဖြစ်သည် ...

>>ဟရူတို က ဆိုင်ခွဲတွေကိုလေ့လာပြီး ပြန်အလာ  ရုံးခန်းတံခါးကို ဖွင့်လိုက်တော့ အခန်းတွင်း ပါးပါးက ရောက်လို့နေသည်။

" ပါးပါး "

သူခေါ်တာကို မော့မကြည့်ပဲ ဆိုဖာပေါ် တင်ပျဥ်ခွေ ထိုင်ကာ ဖုန်းကိုသာ သဲကြီးမဲကြီး ပွတ်နေသောပါးပါး

"ပါးပါး အတွက် အအေးတစ်ခွက်လောက် ပြင်ဆင်ခဲ့"

အနောက်က နေ ကပ်ရပ်ပါလာသော အတွင်းရေးမှူး မလေး အား ပြောလိုက်ရင်း   သူက ပါးပါးနားသွားထိုင်ကာ ကြည့်မိသည်။

'အောဟော် Gameဆော့နေတာပဲ '

ဟရူတိုက ဆိုဖာပေါ်ခြေချိတ်ထိုင်လိုက်ရင်း ဂျွန်ဂယူGameဆော့ပြီးမယ့်အချိန်ကို စောင့်နေလိုက်သည်

"ဟာ ရှုံးပြန်ပြီ ~"

ပါးပါးက စိတ်ပျက်လက်ပျက်ပြောလာတာမို့ ဟရူတိုက ခပ်ဟဟ ရယ်ရင်း

" ကလေးgameတွေဆော့နေပြန်ပြီ "

"ဒီအခန်းကနေကို မတက်တော့ဘူး စိတ်တိုလာပြီ ရူတို ဆော့ပေး "

နှုတ်ခမ်းက မသိမသာလေးထော်ကာ ပြောနေတဲ့ပါးပါးကြောင့် ဟရူတိုက ဖုန်းလေးကို ယူလိုက်ကာ gameကိုစတင်လိုက်သည်။
ဂျွန်ဂယူက gameဆော့နေတဲ့ဟရူတိုရဲ့ပခုံးပေါ် ခေါင်းမှီရင်း ဆော့နေတာကိုကြည့်သည်

" ရေး!!  နိုင်သွားပြီ "

ဂျွန်ဂယူက ဖုန်းကို ပြန်ယူပြီး ဟရူတိုအား ပြုံးပြသည်

Pa Pa (Completed )Where stories live. Discover now