<< Unicode >>
PAPA~~
"တွေ့လား ကျွန်မပြောပါတယ် ဒီကလေးတွေ မထကြသေးဘူးလို့ "
ဂျွန်ဂယူ၏အမေဟာ ပြောလည်းပြော သူ့ဆီမှာရှိတဲ့ သော့အပို တစ်ချောင်း ဖြင့်တံခါးကို ဖွင့်၀င်လာသည် ။
"ဟဲ့ ကင်မ်ဂျွန်ဂယူ နေဖင်ထိုးရုံ မက လို့ နေလုံးကြီး နင့်ဖင်ထဲ ၀င်နေပြီ ထတော့!! "
အခန်းထဲ အိပ်နေတဲ့ သားအဖဟာတော့
" ပါးပါး ထတော့ ဖွားဖွား ရောက်နေပြီထင်တယ်! "
ဟရူတိုက ပါးပါး အား နှိုးနေပေမယ့် ပါးပါးဆိုသည်ကား တုပ်တုပ်ပင်မလှုပ်ပါ ။
" ပါးပါး !! "
ဟရူတိုက ဂျွန်ဂယူ ရဲ့ နှာခေါင်းကို ဖိညှစ်လိုက်တော့မှ မျက်လုံးလေးပွင့်လာသည်။
" ဖွားဖွား ရောက်နေတယ် "
" ပြန်လွှတ်လိုက် ရူတို.... ပါးပါး အရမ်းအိပ်ချင်နေသေးတယ် "
" ထပါ ပါးပါးရာ တော်ကြာ ဖွားဖွား က အခန်းထဲ၀င်လာပြီး လာနှိုးရင် ပါးပါးပဲ အသားနာမှာနော် "
"အဲ့ မေမေဟာလေ သူများသားအဖ နားရက်မို့အိပ်နေပါတယ်ဆိုမှ အလိုက်ကမ်းဆိုးကို မသိဘူး ဟွန့် "
' ဟဲ့!! မထကြသေးဘူးလား !! '
"ထပြီ ဖွားဖွားရေ မျက်နှာသစ်ပြီး ထွက်ခဲ့မယ်နော် "
ထို့နောက်မှာတော့ အိပ်ချင်မူးတူးလေးနဲ့ပါးပါးဟာ အိပ်ယာက ကုန်းရုန်းထပြီး ရေချိုးခန်း ဘက်ဦးတည်တော့သည် ။
၀ုန်းး!
ဟရူတိုက စောင်ခေါက်နေတုန်းရှိသေး အသံကြားလို့ကြည့် မိတော့ ..
အိပ်ချင်မူးတူးနဲ့ ရေချိုးခန်းတံခါးကို မဖွင့်ပဲ ၀င်သည်ထင် တံခါးနှင့်မျက်နှာ မိတ်ဆက်သွားခြင်း သာ.." ဟာ... ပါးပါး နာသွားသေးလား? "
"နာ မနာသိချင်ရင် ၀င်တိုက်ကြည့်ပေါ့ "
ပါးပါးက ကလေးလေးတွေလိုပင် အိပ်ရေးမ၀ရင် ဟရူတိုတင်မက အိမ်က ပစ္စည်းတွေပါ မဲတက်သေးသည် ။
" ဟုတ်ပါပြီ အုံဖွ နော် ကျွန်တော် တံခါးဖွင့်ပေးမယ် "
ဟရူတိုက ရေချိုးခန်းတံခါး ဖွင့်ပေးတော့