အပိုင်း(၂၅)

156 8 2
                                    

~~~uni~~

"အကို ပြန်လာပြီလား....အိတ်ကို ဒါလီကိုပေးလေ  .ဒါလီ ကိုင်ခဲ့မယ်"

"ရပါတယ်ဗျာ..... ကျုပ်ဘာသာပဲသယ်သွားလိုက်ပါ့မယ်"

အခုချိန်ထိ နှစ်ယောက်သားဆက်ဆံရေးဟာ တိုးတက်လာသည်ဟုပဲပြောရမလားပဲ.....သည်ကိုစရောက်တဲ့အချိန်ကဆို ကိုယ်ကစပြောရင်တောင် ၊တစ်ခွန်း၊နှစ်ခွန်းအပြင်ပိုမပြော....ခုလိုလေးပြောတာကို ဒါလီကျေးဇူးတင်နေရပါပြီ။မောင်အပေါ်ကိုတက်သွားတော့  ဒါလီလည်း ရေခွက်လေးကိုင်ပြီးအပေါ်ကိုတက်လာလိုက်သည်။

"အကို ရေလေးသောက်လိုက်ပါဦး"

" ကျေးဇူး မဒါ"

"ဟုတ်ကဲ့ ၊သြော်....ဒါနဲ့အကို၊ နေ့လယ်တုန်းက အကို့ဆီစာလာတယ်အကို၊ ရော့ ဒီမှာအကို"

ဒါလီလည်း မောင့်ဆီကိုစာအိတ်ထည့်ပေးပြီး ၊ရေခွက်ကလေးပြန်ယူကာထွက်သွားလိုက်သည်။ မောင်လည်း အဝတ်စားအရင်လဲပြီးမှာ စာအိတ်ကိုဖွင့်ဖတ်လိုက်သည်။

သို့.....

မောင်ကံကောင်းရေ......မောင်ကံကောင်းလို့ဘာလို့ခေါ်တာလဲ မင်းစဉ်းစားနေပြီလား.....တကယ်တော့ မင်းပို့တဲ့စာကို ဖတ်နေတဲ့ချိန်မှာ ဘေးမှာကိုကိုရှိနေလို့ပဲ၊ ဟား ဟား ဒါပေမဲ့ မင်းကိုတော့စိတ်ဆိုးတယ်ကွာ ။ငါ့ဆီစာပို့ပြီး သူ့အကြောင်းမေးတာတော့ မဖြစ်သင့်ဘူးလေ.......နောက်တာပါကွာ .....ဒီစာကိုမင်းဖတ်နေတဲ့ချိန် ပျော်စေချင်လို့ပါ။ မင်းရော အဲ့ဒီမှာနေရတာအဆင်ပြေလား ။ နေသားရောကျပြီလား. ငါတို့လည်းမင်းကိုသတိရပါတယ်ကွာ ။မင်းလည်းနောက်ခါကျရင် မန္တလေးကိုအလည်လာခဲ့ပါအုံး.....တွေ့တဲ့အခါ စကားတွေအများကြီးပြောချင်လို့ပါ။ဒါနဲ့ ဒီစာကိုရေးတဲ့အချိန်မှာ ကိုကိုလည်းဘေးမှာရှိနေသေးတယ်ကွ ၊ မင်းရဲ့စာကို ဖတ်ပြီးပြီးချင်း ငါနဲ့ကိုကို မင်ဆီကိုပို့ဖို့ချက်ချင်းစာရေးလိုက်တာပဲ.....*

တင်မောင်ဝင်းရဲ့ စာကိုဖတ်ပြီးတော့ ၊ ကိုကိုရေးထားသည့်စာကိုရှာလိုက်တော့ စာရွက်ရဲ့ထောင့်လေးမှာ

"အင်း...အတူတူရှိတယ်" ဆိုသည့်စာလေး ရေးထားတာမြင်တော့ ၊မောင့်မှာ ဝမ်းသာလွန်းလို့မျက်ရည်တောင်ကြသည်။ ကိုကိုရေးထားသည့် စာကြောင်းလေးအပေါ် ၊ ခဏခဏ နမ်းလိုက်သည်။ပြီးတော့မှ ဤစာအိတ်လေးကိုလည်း တယုတယ နဲ့သိမ်းထားလိုက်သည်။

မဟောင်းနွမ်းတဲ့ အချစ်.....Donde viven las historias. Descúbrelo ahora