အပိုင်း(၂၉)

144 4 0
                                    

~~~uni~~~

၁၉၈၈ ခုနှစ်.....

တဖြေးဖြေးနဲ့ ရွက်ဟောင်းကြွေလို့ရွက်သစ်ဝေကာ ၊ရက်.လ.နှစ်တို့ အလီလီပြောင်းလဲလို့လာသည်။
အခုဆိုရင် မောင်မောင်ကြီးနဲ့ငွေရုံမှာ သား၊သမီး သုံးဦးထွန်းကားပြီး ၊ တင်မောင်ဝင်းနဲ့ မြလေးရုံမှာလဲ သား၊သမီးသုံးဦး ထွန်းကားသည်။ ကိုကိုကတော့ ဉာဏ်လင်းအောင်လေးကို အခုချိန်ထိ တစ်ယောက်ထဲ ပြုစုပျိုးထောင်စောက်ရှောက်သည်။

မောင်နဲ့ဒါလီကတော့ တစ်နှစ်တစ်ခါ မန္တလေးကို အလည်လာတက်သည်။ သူတို့နှစ်ယောက်မှာတော့ အခုချိန်ထိ သား၊သမီးမရှိတာကြောင့် အလည်လာရင် တစ်လ.ကိုးသတင်းလောက် ကြာကြာနေတက်ပြီး ၊ သူငယ်ချင်းများနဲ့လည်း စုံတွေ့ကာ. စကားလက်ဆုံပြောကြသည်။

အရာအားလုံး အဆင်ပြေတဲ့အချိန်.သူတို့ သာမက ၊မြန်မာနိုင်ငံ တစ်နိုင်ငံလုံးကို လှုပ်ခက်သွားစေသည့် ကံကြမ္မာဆိုးကြီး ကြရောက်လို့လာသည်။

"ဟဲ့ ဟဲ့ ၊ လုပ်ကြပါဦး ။ ဒီငွေတွေကို တရားမဝင်တော့ဘူးတဲ့။ ငါတို့တော့ မွဲပါပြီဟယ်.....။"

"ဟုတ်ပါ့တော် သူတို့လုပ်ချင်သလိုလုပ်နေကြတာ။ ကျုပ်တော့ သေချင်တာပဲ။ မရှိပါဘူးဆို ဒီငွေတွေက ၊တရားမဝင်ဘူးဆိုတော့ ကျုပ်တို့က ဘာနဲ့ သွားစားတော့မလဲ။"

ငိုငိုရီရီနဲ့ ပတ်ဝန်းကျင်စကားတွေဟာ ကြားရတာ ရင်နာလို့မဆုံးပေ။ ကိုယ့်မိသားစုမှာလဲ အပူတွေနဲ့မို့၊ ဘေးကနေသာ 'အင်း'လိုက်ပြီးသာနေနေရတဲ့ ဘဝ။ တစ်ပြည်လုံး အပူမိနေတဲ့အချိန်မှာ ၊ငါကနင့်ထက် ပိုပူတယ်၊ နင်က အပူမရှိပါဘူး လို့မပြောကြ။ မနက်ဖြန် ဘာဆက်ဖြစ်မယ်ဆိုတာသာ ပြောရင်းညည်းညူနေကြ။

"အမေ မြလေးတို့အခြေအနေဘယ်လိုရှိလဲ သိလား။"

"အေးကွယ် မင်းနှမလည်း၊ခုနက ကလေးတွေကို အိမ်ကိုထားခဲ့ပြီး ၊ဘာမှပြောမသွားဘူး။ မောင်တင်မောင်ဝင်းလည်း အခုချိန်ထိမလာသေးတော့၊ဘာမှန်းမသိသေးပါဘူး သားရယ်......၊ဟော ပြောရင်းဆိုရင်း လာနေတာ၊သူတို့လင်မယားနှစ်ယောက်မဟုတ်လား။"

"ဟုတ်တယ် အမေ.....။တင်မောင်းဝင်း အခြေအနေဘယ်လိုလဲ"

"ဟူး.....အရမ်းကြီးတော့မဆိုးဘူးလို့ပြောလို့ရတယ်ဆိုရမှာပေါ့။ အရင်ရက်က ဈေးဆိုင်အတွက် ၊ပစ္စည်းလေးတွေဖြည့်ထားတော့ လက်ထဲလဲငွေမကျန်တော့ဘူး။ ဒါပေမဲ့ ဒီလိုမျိုးဖြစ်တော့၊ ကုန်ဈေးနှုန်းတွေထိုးတက်မှာတော့ ပိုကြောက်တယ် ။"

မဟောင်းနွမ်းတဲ့ အချစ်.....Hikayelerin yaşadığı yer. Şimdi keşfedin