Chapter 42.1

44 10 2
                                    

“ဖာခ့်***နင့်အမေက လေပေါ်ပျံနေပြီ”

Spirit Roadရဲ့ Spokespersonတွေအဖြစ် ကြော်ညာရိုက်ကူးရေးက နောက်တစ်ပတ်အကြာမှာ ဖြစ်တယ်။
ဒါ့အပြင်  ရုပ်ရှင်ရိုက်ကူးရေးကလည်း Golden Flower Awards ဆုပေးပွဲကြီးမတိုင်ခင် လက်စသတ်ဖို့အတွက် အမြန်ရိုက်ကူးနေရတာကြောင့် ထန်းရှောင်နဲ့မူချောင်တို့မှာ သူတို့ရဲ့Schedulesတွေနဲ့ မအားလပ်နိုင်ပေ။

နေ့ရောညပါ မနားမနေအလျင်စလို ရိုက်ကူးနေရတဲ့အပြင် ချောင်ရိကျင်ရဲ့ရံ့ဖန်ရံခါ ထဖောက်တတ်တဲ့ အဆိပ်ပြင်းတဲ့လျှာရိုးတစ်ချောင်းပါ ထပ်ပေါင်းထည့်လိုက်ရရင် ထန်းရှောင်တစ်ယောက် သူမကိုယ်သူမ ခွေးသေတစ်ကောင်လိုမျိုး ခံစားနေရတော့တယ်။

အလွန့်အလွန် အလုပ်ရှုပ်လွန်းတဲ့ နေ့လည်ခင်းတစ်ခုရဲ့ ရိုက်ကူးရေးအပြီးမှာတော့ လက်ထောက်ဒါရိုက်တာက ထန်းရှောင်ကို ပတ်ပတ်လည်မှာ အလျင်စလို လိုက်ရှာနေလေတယ်။

“အ.. မူချောင်ပါလား, မင်း ထန်းရှောင်ကို မြင်မိသေးလား?”
လက်ထောက်ဒါရိုက်တာက လက်တစ်ဖက်မှာ ဖုန်းကိုင်ထားရင်း အမြန်မေးလိုက်တယ်။

“နောက်ရိုက်မဲ့အခန်းအတွက် ဝတ်စုံလဲနေတယ် ထင်တယ်, ဘာဖြစ်လို့လဲ?”
မူချောင် မေးလိုက်တယ်။

“ဒါရိုက်တာကျိက ငါ့ဆီကို အခုလေးတင် ဆက်သွယ်လာတာ။ သူပြောတာ ထန်းရှောင်နဲ့အတူရိုက်ချင်တဲ့ ကားတစ်ကားရှိတယ်တဲ့။ ဒါကြောင့်မို့ သူတို့တွေ ကော်ဖီဆိုင်တစ်ဆိုင်မှာ တွေ့လို့ရနိုင်မလားလို့ မေးခိုင်းနေတာ”

မူချောင်ရဲ့မျက်ခုံးအစုံက ကျဉ်းမြောင်းသွားတယ်။
“ဒါရိုက်တာကျိလား? ဘယ်ဒါရိုက်တာကျိလဲ?”

“ကျိမင်ရူလေ, အရင်တုန်းကလည်း သူက ထန်းရှောင်ရဲ့အေးဂျင့်နဲ့ ဆက်သွယ်ဖို့လုပ်တိုင်း ဆက်တိုင်း အငြင်းခံနေရတာ။ ငါ အရင်တုန်းက သူနဲ့အလုပ်တွဲလုပ်ဖူးတယ်လေ။ ဒါကြောင့်မို့ အခုဒီမှာ သူက ထန်းရှောင် ရိုက်ကူးရေးရှိတယ်ကြားတော့ ငါက ကြားလူအနေနဲ့ သူတို့ကို အတူအလုပ်တွဲလုပ်ဖို့ ကူညီပေးရတာပေါ့”

မူချောင် ခဏလောက် စဉ်းစားကြည့်လိုက်တယ်, ကျိမင်ရူ….

လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက ကျိမင်ရူနဲ့ သူ ရုပ်ရှင်ကားနှစ်ကားမှာ အလုပ်တွဲလုပ်ဖူးတယ်။ ဆိုးတော့မဆိုးပါဘူး။

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​​သေးဘူးလားWhere stories live. Discover now