~ ၇ ~

116 15 7
                                    

[ Unicode ]
-----------------

လူကသာ studio မှာရောက်နေတာ စိတ်ကတော့လွန်ခဲ့တဲ့အနှစ် ၂၀ ကျော်ခန့်ဆီသို့တဝဲလည်လည် ။

အမေကြီးပြောပြခဲ့သောလေးလေးတို့ရဲ့အကြောင်းများကိုပြန်တွေးမိတိုင်း တည်တံ့စေစိတ်ထဲနေမထိထိုင်မသာဖြစ်ရပါသည် ။ ဖေဖေတို့မိသားစုနေတဲ့အိမ်အောက်ထပ်သို့ပြောင်းရွေ့လာကြပြီးနောက်ပိုင်း လေးလေး ဖေဖေ မေမေတို့ရဲ့ငယ်ဘဝကအကြောင်းရာများမှာသံယောဇဉ်တွေလေးနက်ခိုင်မြဲလွန်းလှ၏ ။ ဒါတောင် အမေကြီးကသူမမှတ်မိသောအတိတ်ကအဖြစ်ပျက်တစ်ချို့ကိုသာ တည်တံ့ထံပြောပြခဲ့ပြီး ဖေဖေနှင့်လေးလေးတို့ကြားမှမေတ္တာအတိမ်အနက်နဲ့ခံစားချက်များကိုတော့ ဂဂနနသိရှိခဲ့ပုံမပေါ် ။ အဲ့ဒါကလည်း ကာယကံရှင် ၂ ယောက်ကပဲအတိအကျသိမည့်အချင်းအရာတွေမို့ အမေကြီးကိုဆက်မေးလည်းအပိုပင် ။ ဒီလောက်ထိသိထားရတာတောင်သူ့ရင်ထဲမှာအဆင်မပြေတာ ပိုသိသွားခဲ့ရင်တော့ ... ။

အထူးသဖြင့် လူတစ်ယောက်လုံးအနီးနားမှာရှိနေသေးတဲ့မေမေ့ကိုအားနာတာ ။

ဟိုးအရင်ခေတ်ကာလအခြေနေတုန်းက မိဘတွေပေးစားတဲ့ယောကျာ်းကိုပဲခေါင်းညိတ်လက်ခံပြီးယူခဲ့ရသောမိန်းမသားတစ်ဦးရဲ့သနားစရာဘဝကိုစာနာတာ ။

အဆိုးဆုံးကတော့ ကိုယ့်တစ်ဘဝလုံးစာပုံပေးပြီးလက်ထပ်ယူခဲ့တဲ့သူ ကိုယ်ချစ်မိသွားတဲ့သူက ကိုယ့်ကိုပြန်မချစ်တဲ့အပြင် ကိုယ့်အစ်ကိုအပေါ်မှာသံယောဇဉ်အမျှင်တန်းမပြတ်နိုင်သေးသောလူဖြစ်နေတာပါပဲ ။

ဒါကိုမေမေဟာအသိနောက်ကျခဲ့ရှာတယ် ။ သွေးသားဖြစ်တဲ့ကျွန်တော့်ကိုရလာပြီးမှ မေမေ့ခံစားချက်တွေကလှည့်စားခံနေရတဲ့အဖြစ် ။ ဖေဖေကိုယ်တိုင်မရည်ရွယ်ခဲ့မှန်းနားလည်ပေမဲ့ အဖြစ်မှန်ကိုသိလိုက်ရချိန် အမျိုးသမီးတစ်ယောက်ရဲ့ပြိုလဲကျမှုဟာနာကျင်စရာအတိ ။

ဘယ်အရာကများမှားခဲ့သလဲလောကကြီးရယ် ။

လေးလေးကိုမှယောကျာ်းအချင်းချင်းလိင်တူချစ်ကြိုက်မိသွားတဲ့ဖေ့ဖေ့ကိုလား ။
ချစ်ခြင်းတရားတစ်ခုအားရက်ရက်စက်စက်ခွဲခဲ့ပြီး လေးလေးကိုအိမ်ပေါ်ကနှင်ချခဲ့တဲ့ဘကြီးကိုလား ။
မေမေခံစားရမှာထည့်မတွက်ပဲ သူတို့သဘောတူတဲ့သူနဲ့သာလက်ထပ်စေခဲ့တဲ့မိဘတွေကိုလား ။
ဘာတစ်ခုမှသူနဲ့မဆိုင်တော့သလို အဝေးကိုရှောင်ပြေးသွားခဲ့တဲ့လေးလေးကိုလား ။
မှားယွင်းမှုတစ်ခုကနေဖြစ်တည်ခွင့်ပေးခဲ့တဲ့ ကျွန်တော့်ရဲ့ကံကြမ္မာကိုလား ။

ဝေး ( ongoing ) ေဝးWhere stories live. Discover now