1(zawgyi)

198 1 0
                                    

[Zawgyi]
"အန်တီ သမီးချောတို့အိမ်သွားလည်အုန်းမယ်နော် "

"ဉာဏ်ထက်ပိုင်ကိုလိုက်ပို့ခိုင်း အ​ေ၀းကြီးကိုနေတေပူရပူနဲ့ညနေမှသွားတာမဟုတ်ဘူး"

"သီရိတို့နဲ့သွားမှာလေ"

"အေအေ ညနေကြစောစောပြန်ခဲ့နော် သီရိကိုလိုက်ပို့ခိုင်းလိုက်"

"ဟုတ်အန်တီ"

"သီရိသွားမယ်လေ "

"သမီးမလိုက်တော့ဘူး မသော်"

"ဟဲ့ငါ့တစ်ယောက်တည်းဖြစ်နေတော့မှာပေါ့"

"မကလည်းသမီးကကိုကြီးနဲ့ဒီနေ့dateဖို့ချိန်းထားလို့ မသော်ပြန်ပြီးသွားမှကိုကြီးကိဖုန်းဆက်တာကို"

"အေးပါနင်တို့လည်းဒါတေပဲတစ်နေ့ တစ်နေ့လုပ်နေကြ ငါမပြောချင်ဘူး"

တစ်ကယ်ပါပဲဒီခလေးမတွေနဲ့တော့သူကတစ်ယောက်တည်းသွားရမှာပျင်းလို့ပါဆို...တစ်ကယ်တော့ပျင်းတာထက်ဘေးမျက်စောင်းထိုးအိမ်က အမောင်လွင်ပိုင်လင်းခန့်အား​လန့်သည်မှာပိုမှန်၏။

"သမီးသော်သော်ရေဘယ်တုန်း"

"ချောတို့အိမ်သွားမို့ကြီးကြီး "

"အေးဂရုစိုက်သွားအုန်းနော် လမ်းထိပ်မှာခွေးလေတွေလာလွတ်ထားတယ်ကြားတယ်ကိုက်မယ်သေချာသွား "

"ဟုတ် ကြီးကြီး"

"ဟဲ့လွင်ပိုင်နင့်ဆိုင်ကယ်ကိုဖြေးဖြေးသာသာနိုးစမ်းပါ ငါနားတွေညည်းလို့ပါအားအားရှိဒီဆိုင်ကယ်ပဲ"

အကြီးရဲ့ ဆူသံငေါက်သံတို့သည်သူမတို့ရပ်ကွက်ငယ်လေးထဲတွင်ဟိန်းထွက်လာ၏။

"မသော်လာလည်တာလား"

"အင်းဟုတ်တယ်အန်တီစိန် "

"ခုကဘယ်လဲမသော်"

"ချောချောစီသွားလည်မို့လေ"

"အေအေနေတွေပူတယ်နော် သမီး"

"ဟုတ်"

တစ်လမ်းလုံးကိုသူမဖြေနေရတာအမော
........

"ချောချောရေ ချော "

"ဟာ မ​သော် လာလည်တာလားလာမယ်ဆိုလည်းကြိုမပြောဘူး သမီးကလမ်းထိပ်သွားရင်မတွေ့ရင်ဘယ်လိုလုပ်မလဲ"

အချစ်ကြောင်းတွေပြောကြတဲ့အခါWhere stories live. Discover now