2(zawgyi)

107 3 0
                                    

[Zawgyi]
အပိုင်း(၂)

"လွင်ပိုင်လင်းခန့်  "

"သေမို့ခေါ်နေတာလား မင်းဖအေနမည်ကို"

"ဖြည်းဖြည်းသာသာလုပ်ကြပါဟ ငါ့နှယ် လန့်တောင်လန့်တယ် "
အဖွဲ့ထဲကတရားသမားယောင်ယောင်အရက်သမားယောင်ယောင်နေလင်းက

"ရုပ်ကြမ်းကြီးနဲ့လာနွဲ့မနေနဲ့ နေလင်း ငါအကောင်းပြောမို့ မင်းတိတ်တိတ်နေ "
"အိုခေသားကြီး "

"မင်းဘာလို့နောက်ကျနေတာလဲ အရင်ကနောက်မကျဖူးပါဘူး ကိုကွက်တိကြီးက"
ချိန်းရင်ချိန်းတဲ့အချိန်ကွက်တိမှ၀ိုင်းထဲ၀င်တက်သောကြောင့် သူငယ်ချင်းတွေကကွက်တိ လို့နမည်ပြောင်ဖြင့်စစနှောက်နှောက်ခေါ်ကျခြင်း...

" အမ်း လမ်းမှာငြိမ်းချမ်းတို့ညီကိုတွေနဲ့ခနတွေ့နေလို့ "

"ယောက်ဖတွေနဲ့တွေ့ခဲ့တယ်ပေါ့ "

"ဘာလို့ငါ့ကို အတင်းထိုးထည့်နေကြတာလဲ ...အဲ့တစ်ယောက်နဲ့တအားဖြစ်စေချင်နေကြတာလား "

"မင်းလိုပလေးဘွိုင်းကို မသော်လို အေးအေးငြိမ်ငြိမ် မိန်းကလေးနဲ့ပဲဖြစ်စေချင်တယ် "
သူ့ကောင်တွေကလေ အပြောသာဆိုးတယ် တစ်ယောက်နဲ့တစ်ယောက်အပေါ်အမြဲကောင်းတာတွေကြီးဖြစ်စေချင်ကြတာ....အခုလည်းကြည့် သူတို့သူငယ်ချင်း  ငရူပ်ကိုဟိုကလေးမစီအတင်းထိုးထည့်နေပြန်ပြီ ...

"ငါကဘယ်သူ့ကိုပလေးနေလို့ပလေးဘွိုင်းဖြစ်သွားရတာလဲ "

"အဲ့တာတော့မင်းကိုယ်တိုင်သိမှပေါ့ "

"အလကားပါကွာသူတို့ဟာသူတို့လာရူပ်ပြီးရင် ငါ့ကြောင့်နဲ့အသဲကွဲပါတယ်ဆိုပြီး အမျိုးမျိုးတေပြော လမ်းခုလတ်မှာငါက ပလေးဘွိုင်းရာထူးကိုအော်တိုရသွားတာပဲ "

"ထားပါတော့ဟာ နေအုန်း သင်္ကြန်အကြိုနေ့ကျမဏ္ဍပ်မှာနေမှာလား ကားနဲ့သွားမှာလား "

"မဏ္ဍပ်မှာပဲနေမှရမှာပေါ့အကြိုနေ့ပဲရှိသေးတာကို "

"ငါတော့ကားနဲ့ပဲလိမ့်ချင်တယ် မဏ္ဍပ်မှာအာရုံတွေနှောက်လွန်းလို့ "

"ခွေးမျိုးဟိန်းခန့် ဒါဆို ဘာလို့မဏ္ဍပ်ကိုတာ၀န်ယူပြီးဆောက်သေးလဲ ငါတို့တောင်မသိပဲ "

အချစ်ကြောင်းတွေပြောကြတဲ့အခါWhere stories live. Discover now