အပိုင်း(၃)
" အကြိုနေ့မို့လို သော်တို့သိပ်မကဲခဲ့တာဒါတောင်.."
"ညည်းတို့ မိန်းကလေးတေဆိုတာလည်းသတိထားကြအုန်း အကိုတေနဲ့ပြိုင်တူကဲမနေကြနဲ့ ...ကြီးတောင်ကြီးမားအကိုတေကလည်း ကလေးတေနဲ့ လျှောက်ပြိုင်မနေနဲ့ ...ရည်းစားဘာညာဆိုငါမကြားချင်ဘူးနော် "
"အန်တီရယ် အန့်တီတူမမြှီးကောင်ပေါင်တေကိုဘယ်သူကကောကြိုက်မှာလဲ "
"ငြိမ်းချမ်းရယ် အဲ့မြှီးကောင်ပေါက်တေမို့ငါပြောနေရတာပေါ့ "
"အင်းအင်း...စောင့်ရှောက်ပါ့မယ်ဗျာ ခုတော့ ၀င်နားလိုက်အုန်းမယ် "
မဏ္ဍပ်ကပြန်ပြန်လာခြင်း ..အပေါက်၀ကနေစီးပြီး တရားဟောနေတာ ...မလွယ်ဘူး...
အဓိက တရားခံက ချောချောနဲ့ မသော်ပင်"မသော် ငါတို့ "
"မနက်ဖြန်ငါ အိမ်ခနပြန်အုန်းမယ် "
"ငါ့စကားမဆုံးသေးဘူးလေ မိသော်သော်ဟန်သူရယ် "
"ပြောရတာမဟုတ်ဘူး နင်ကငါတို့မနက်ဖြန်ဘာညာအစီအစဥ်လာပြောမှာမလား ...ငြိမ်းချမ်းရယ် "
"အေးဟုတ်တယ် မနက်ဖြန်ဘာပြန်လုပ်မှာလဲ ပြော အန်တီသီတာ တို့ကပြန်ခေါ်တာလား ငါပြောလိုက်မယ် ဘာပဲဖြစ်ဖြစ် မနက်ဖြန်တော့မပြန်ပါနဲ့အုန်းဟယ် တို့မောင်နှစ်မတေက တစ်ခါစုံဖို့ သိပ်မလွယ်ဘူးလေ "
"ဟဲ့ ငြိမ်းချမ်းရယ် ငါ့ကိုနဲနဲလောက်ပေးပြောပါအုန်း...နင်ချည်းပဲ "
ကိုထက်နှင့်ချောချောကတော့ သော်သော်တို့နှစ်ယောက်ကို ရှိတယ်လို့တောင်မထင်ပဲ တီဗီကလာတဲ့အစီစဥ်တစ်ခုကိုသာအာရုံစိုက်နေကြ၏။
သော်သော်နှင့်ငြိမ်းချမ်းက မောင်နှမဒီလေးယောက်ထဲမှာ ရွယ်တူလို့တောင်ပြောရအောင် မတိမ်းမယိမ်းလေးပင်....ကိုထက်နှင့်စာလျှင် ငြိမ်းချမ်းနဲ့ကပိုပြီးပြောရဆိုတာလွယ်သည်...
ကိုထက်က အဘိုးကြီးတေလိုနဲနဲဇီဇာကြောင်ချင်လာသည်။
"အေးပြော ငါလက်ခံလောက်တဲ့ ဟာတေရွေးပြော "
"ဟယ် ငြိမ်းချမ်း နင်ကလည်း "
"အေးဟာ ပြောပြော "