Chapter 3

847 107 48
                                    

Unicode

နောက်တစ်နေ့မိုးလင်းတော့ Bible က အရင်လိုကုတင်ပေါ်မှာ လှဲမနေတော့ပေ။သူက သစ်သားနံရံတွေကိုအမှီပြုကာ ကုတင်ပေါ်မှာထိုင်နေသည်။သူ့ရဲ့ကိုယ်က လုံးလုံးလျားလျားကြီး ပြန်မကောင်းသေးပေမဲ့ မနေ့ကထက်စာရင် သက်တောင့်သက်သာတော့ရှိလာပေသည်။သူcabinထဲကို ဝေ့ဝိုက်ကြည့်လိုက်တော့ barcode ဆိုတဲ့လူငယ်လေးက လွဲ၍ ဘယ်သူမှရှိမနေ။

ကောင်လေးက သူရဲ့ guitar ကို အဝတ်ဖြူစလေးနဲ့ ပွတ်တိုက်နေသည်။Bibleနိုးလာတာကိုမြင်ပေမဲ့ ဂရုမစိုက်ဘဲ guitar ကိုပဲအာရုံရောက်နေပေသည်။Bibleကလည်း အစောကတည်း တိတ်တဆိတ်နေရတာကို သဘောကျသူမို့ ဘာမှမပြောဘဲငြိမ်ငြိမ်လေးသာထိုင်နေလိုက်သည်။

တစ်ခဏကြာတော့ကောင်လေးက သူရဲ့ guitarကို နေရာတကျပြန်ထားလိုက်သည်။ အပြာရောင်ဓာတ်ဘူးရဲ့အဖုံးကိုဖွင့်ကာ ခွက်ထဲသို့ ဖြူဖျော့ဖျော့ ဆန်ပြုတ်တွေကိုလောင်းထည့်လိုက်သည်။ဒါကိုမြင်တဲ့Bibleက အလိုလိုနေရင်း နှာခေါင်းရှုတ်မိသည်။ သူက ဆန်ပြုတ်ခွက်ကို ကိုင်ကာ Bible ထံလျှောက်လာသည်။အနားရောက်တော့ ကုတင်ဘေးမှာရှိနေတဲ့ စားပွဲပေါ်ကို ချပေးလိုက်ပြီး....

"ခင်ဗျားအတွက်....."

"ကျေးဇူး....."

လူငယ်လေးက အနည်းငယ်ပြုံးလိုက်ပြီး....

"ကျွန်တော်ခင်ဗျား ၅ယောက်ကို cabinကိုခေါ်လာတည်းက တစ်ယောက်ကမှ ကျေးဇူးမတင်ခဲဘူး...ခင်ဗျားက ပထမဆုံးပဲ...."

"........"

"ကျွန်တော်က ခင်ဗျားကောင်လေးလိုတော့ မခွံ့ကျွေးနိုင်ဘူး....ကိုယ်ဘာသာစားလို့ရတယ် မလား....မရရင် သူ့ကိုရှာပေးမယ်...."

"ထားလိုက် သူက စိတ်မရှည်ဘူး...."

Barcodeက ထုံးစံအတိုင်း rifle ကိုသယ်ကာcabin အပြင်ဘက် ကိုထွက်သွားသည်။

စားပွဲပေါ်မှာတင်ထားတဲ့ ရေကျဲကျဲဆန်ပြုတ်ခွက်ကို Bible ခပ်တွေတွေစိုက်ကြည့်မိသည်။

*______*______*______*

Jeff က သူရဲ့ Hoodie အင်္ကျီကို သေချာလေးလျှော်ဖွတ်ပြီး လှန်းနေခဲ့သည်။Jeffကအပေါ်ထပ်အင်္ကျီမပါဘဲ စွပ်ကျယ်တစ်ထပ်တည်းသာဝတ်ထားသည်မို့ လက်မောင်းကြွက်သားတွေကို အထင်းသား‌မြင်နေရသည်။

BEASTS  ( complete)Where stories live. Discover now