Unicode
"အပေါ်မှာ ရှိနေတာ P'ဘာလို့ကြိုမပြောတာလဲ...."
"ငါလည်း ဘယ်သိမလဲ...အပေါ်ကိုမော့မှမကြည့်မိတာ..."
သူသိလိုက်တဲ့အချိန်က တတောက်တောက်နဲ့ ချွဲကျိကျိအရည်တွေ ကျလာမှ။အပေါ်မှာ ရာနဲ့ချီတဲ့ ၎င်းအလားတူသားရဲတွေက တွဲလောင်းကြီး တွေရှိနေတာ ကိုတွေ့ခဲ့ရခြင်းသာ။ကြည့်ရတာ သူတို့ဆီက ဆူညံသံတွေကြောင့် အိပ်နေရာကနေနိုးသွားတာထင်၏။ခုတော့ ဖင်ကုန်းပြေးနေရပြီ။တော်သေးလို့ အုပ်လိုက်ကြီး နိုးမသွားတာ...
သားရဲငါးကောင်လောက်က သူ့တို့နောက်ကို လိုက်နေကြသည်။လိုက်တာလို့လည်းမဆိုလိုနိုင်ဘူး။သူတို့တွေက ခြေလက်မရှိတဲ့ ပက်ကျိလိုသတ္တဝါတွေမို့လို့ ရွေ့လျားမှုကနှေးကွေးသည်။သို့ပေမဲ့ သူ့ရဲ့ အင်မတန်မှ အသုံးဝင်တဲ့လျှာက သူ့ရဲ့ ပင်မခန္ဓာကိုယ်ထက်ပိုပြီး အရှေ့ရောက်အောင်သွားနိုင်ပေသည်။ဆိုလိုချင်တာက သားရဲရဲ့ ခန္ဓာကိုယ်က မျိုးပွားခြင်းလုပ်ငန်းစဉ်နဲ့ အစာစားခြင်းအတွက်ကလွဲရင် အပိုပင်။
Bui ကုန်းရုန်းပြေးရင်းနဲ့ ကျန်နေတဲ့ လူနှစ်ယောက်ကို အော်ခေါ်လိုက်သည်။
"Nodt Bas...ပြေးကြ..."
ပြေးကြလို့ပြောနေတော့ သူတို့က ဘယ်ကိုပြေးရမှာလဲ?Bui သူမှာ အသည်းအသန်ပြေးလာပေမဲ့ Nodt နဲ့ Basက ဘယ်ကိုမှမပြေးပဲ အလောင်းတွေကြားမှာ တုတ်တုတ်မျှမလှုပ်ပဲ ငုတ်တုတ်ထိုင်နေတာ တွေ့လိုက်ရတော့ အမောတောင်ဆို့မိသည်။
"အဲ့တာ ဘာလုပ်နေတာလဲ? ပြေးပါဆိုနေ...ဒီဖေ..."
Bui က Nodtနဲ့ Basကို လက်မောင်းရင်းကနေ တစ်ဖက်တစ်ချက်စီဆွဲကာ လှိုင်ခေါင်းရဲ့ အကွယ်နောက်ကိုဆွဲခေါ်သွားသည်။
Nodt -"ဘာဖြစ်တာလဲ....?"
Barcode -"သားရဲအလိုက် ခံရတာ ၅ကောင်လောက်ရှိတယ်..."
Bui-"ဒီထဲမှာ အများကြီးရှိနေတာမို့ အသံကျယ်ကျယ်ထွက်လို့ မရဘူး..."
~click~click~
Bui-"......"
Barcode"သေနတ်တွေရှိတယ်...."
Bas-"ဟုတ်တယ်လေ...ကျွန်တော်တို့ လွယ်အိတ်တွေပါလာတယ်...."
Nodt-"စကားမများနဲ့တော့ ...ရော့.."
YOU ARE READING
BEASTS ( complete)
FanfictionStart date -15 .8.2022 End date -26.11.2022 Chapter 1မစခင် notice ကို သတိပြုဖတ်ပေးဖို့ တိုက်တွန်းချင်ပါသည်။