Chapter 10

857 120 98
                                    

Unicode

Buiတစ်ကိုယ်လုံးကိုက်ခဲနေပြီး အကြောတွေတောင်သေနေပြီလို့တောင်ထင်မိသည်။သူကုတင်ဘေးက နာရီကိုကြည့်မိလိုက်တော့...

"ချီး....၁၀နာရီတောင်‌ထိုးနေတာလား..."

Buiအိပ်ယာထဲကကုန်းထဖို့ကြိုးစားလိုက်ချိန်

"Oii..ဖြည်းဖြည်းထ မင်းဘယ်သွားမလို့လဲ..."

Tongက အိပ်ယာထဲက အတင်းတွေထနေတဲ့ Buiကို မြင်တော့အသည်းအသန်လှမ်းဆွဲကာ

"ဒဏ်ရာက ရင်းနေတာ မင်းအနားယူဖို့လိုသေးတယ်လေ..."

"P'ကျွန်တော် နားရလွန်းလို့ အကြောတွေကပ်သေတော့မယ်...."

"အာ...ဒါပေမဲ့ သူ့က ငါ့ကို မင်ကိုသေချာဂရုစိုက်ထားဖို့မှာသွားတယ်လေ...မင်းဗိုက်ဆာပြီလာ ငါဆန်ပြုတ်သယ်လာတယ်..."

"ကျွန်တော် အပြင်မှာထွက်စားလို့ရမလား...ဒီထဲမှာ မနေချင်လို့..."

"အဲ့ဒါက ထားပါ...ငါမင်းကို ဝိုင်းထူပေမယ်...ဖြည်းဖြည်းသတိတော့ထားနော် မင်းတစ်ခုခုဖြစ်သွားရင် ငါခေါင်းပြတ်လိမ့်မယ်..."

"ကျွန်တော်အကောင်းကြီးရှိပါသေးတယ်..."

Tongက Buiကို ရွက်တဲထဲကနေခေါ်ထုတ်လာပြီး စတီးခုံကိုဆွဲကာ စားပွဲဝိုင်းမှာနေရာ ချပေးလိုက်သည်။Jeffက လည်း စားပွဲဝိုင်းမှာ ထိုင်နေတာဖြစ်ပြီး

"P'Tongသူ့ကို ဘာလို့အပြင်ခေါ်လာတာလဲ..."

"သူအထဲမှာနေရတာ အဆင်မပြေလို့တဲ့ မင်းရဲ့ ကလေးငယ်လေးကော..."

"Barcodeကိုပြောတာလား စောနကတောင် ဒီနားမှာရှိနေသေးတယ် ခဏဆိုပြီးထွက်သွားတာ..."

Buiက ပတ်ဝန်းကျင်းကို ဟိုကြည့်ဒီကြည့်နဲ့ ကျီးခန်းတောင်းမှောက်ကြည့်နေရင်းနဲ့

"ဒီထဲမှာ လေရှိနေတာလား..."

Tong-"မင်းအသက်ရှူလို့ရနေတယ်မလား..."

"အင်း..."

"အဲ့ဒါဆိုရှိလို့ပေါ့...အများကြီးမ‌တွေးနဲ့ ဒါတွေက Mileဖန်တီးထားတာတွေ...သူက အရင်ဓာတ်ခွဲခန်းမှာအလုပ်လုပ်ခဲ့တာဆိုတော့ ဒါမျိုးတွေ ကျွမ်းတယ်..."

BEASTS  ( complete)Where stories live. Discover now