နှစ်သိမ့်ပေးပေါ့
လူကြီးဆန်လိုက်လေမလဲ
.
.
.
.
.
"ဘယ်နှခေါက်မြောက် သက်ပြင်းချခြင်းလဲ မသိတော့ဘူး
တစ်ကယ်ပါ ဒီနေ့ဟာ ကိုယ့်အတွက်
လောကကြီးက မွန်းကြပ်လှတယ်
ဒီအချိန်လေးမှာ မင်းရဲ့ ရင်ခွင်ထဲကိုသာ
ပြေးဝင်ပြီး စိတ်ရှိလက်ရှိ ငိုချပြစ်လိုက်ချင်တယ်
မင်းကတော့ ငိုနေတဲ့ ကိုယ့်ကို
နှစ်သိမ့်ပေးပေါ့
ကိုယ်က ငိုမယ် မင်းက ချော့မယ်
အဲ့ဒီအချိန် မင်းက ဘယ်လောက်တောင်
လူကြီးဆန်လိုက်လေမလဲ
နောက်ဆုံး ကိုယ်ငိုလို့ဝသွားရင်တောင်
မင်းရဲ့ ကိုယ်သင်းနံလေးကို ရှူရှိုက်ရင်း
မင်းရဲ့ ရင်ခွင်ထဲမှာပဲ ကိုယ်ဆက်လက်
နစ်မြုပ်နေမိမယ် ထင်တယ်။''
.
.
.
.
.
YOU ARE READING
LETTERS FOR U
Short Storyကျွန်မ ချစ်ရသော အမျိုးသားငယ်လေးစီသို့ ဤစာလေးများရောက်ပါစေသော်.....