내일부터 내가
내가 널 지켜줄 거야မနက်ဖြန်ကနေစပြီး မောင်က
အစ်ကို့ကို ကာကွယ်ပေးတော့မှာ။Enhypen | 10 Months'Love
♡♡♡
"နီရှီမူရာ ရီခီတို့ကဝောာ့ အချိန်မှန်ကိုမှန်နေတာပဲနော်"
စသလိုနောက်သလိုပြောလာတဲ့အတန်းပိုင်ဆရာမရဲ့ စကားသံကြောင့် အတန်းသားတွေဟာ ပြုံးစိစိဖြစ်သွားကြသလို၊ အတန်းထဲက တစ်စုံတစ်ယောက်ကတော့ နားရွက်ဖျားတွေနီရဲလာတဲ့အထိ အရှက်သည်းသွားရတယ်။
နီရှီမူရာ ရီခီက အခုမှအထက်တန်းပထမနှစ်။ကိုရီးယားမှာ မွေးတဲ့ဂျပန်လူမျိုးစစ်စစ် တစ်ယောက်ဖြစ်ပြီး အသက်ရွယ်နဲ့မလိုက်မြင့်မားနေတဲ့အရပ်နဲ့ ခပ်မိုက်မိုက်ပုံစံကြောင့် တစ်ကျောင်းလုံးရဲ့မိန်းကလေးတွေ အသည်းကိုလှုပ်ခါစေနိုင်တဲ့သူ။ ဒါပေမဲ့ ကျောင်းဆင်းချိန်ဆို နောက်ဆုံးနှစ်အတန်းထဲကို ယောင်လည်လည်လာလုပ်နေကြဆိုတာ လူတိုင်းသိတယ်။ ပြီးတော့ ယောင်လည်လည်လုပ်ရတဲ့အကြောင်းရင်းက မျက်မှန်ထူထူနဲ့ စာကြမ်းပိုးအစ်ကိုကြီး ရှင်းမ်ဂျယ်ယွန်းကြောင့်ဆိုတာကိုရောပေါ့။
"ကျောင်းဂိတ်ဝကပဲ စောင့်ပါလို့ ငါပြောထားလျက်သားနဲ့!"
ဂျယ်ယွန်းက ကျောင်းဆင်းချိန်တိုင်းမှာ ဒီစကားတစ်ခွန်းကို စူပုပ်စူပုပ်မျက်နှာထားနဲ့ မရိုးမအီပြောနေကြ။ ဒါပေမဲ့ စကားနားထောင်လွန်းတဲ့နီခီကတော့ နောက်တစ်နေ့ကျောင်းဆင်းချိန်ဆိုတာနဲ့ အခန်းရှေ့မှာဘွားခနဲပေါ်လာတာပဲ။
"ယွန်းကလည်း ကျွန်တော်မှ စိတ်မချတာကိုဗျာ"
ဂျယ်ယွန်းရဲ့မျက်စောင်းတွေက သက်ဆိုင်သူထံကိုဒိုင်းခနဲ။အဲ့လိုကြည့်တိုင်းမှာ ရီခီကတော့ နည်းနည်းလေးမှမဖြုံဘူး။ ရယ်ကျဲကျဲလုပ်ရင်းနှာခေါင်းထိပ်လုံးလုံးကို လာဆွဲတယ်။ပါးကိုတွေရော လာညှစ်တယ်။ မသိရင် ဂျယ်ယွန်းက သူ့ကစားစရာ အရုပ်လေးအတိုင်း။
"အာအီဂူး..ယွန်းကကျွန်တော့်ကလေးလေးမို့ ဘယ်နားမှစိတ်မချဘူးဆို"
"ငါကမင်းထက်ပိုကြီးတာနော်"
"အသက်ပဲကြီးတာပါ ကျန်တာအကုန်ကလေးလေး"
"ရားးး နီရှီမူရာ ရီခီ!!"
"ဗျာ ဗျာ့"
တဟားဟားအော်ရယ်လို့ လှစ်ခနဲပြေးထွက်သွားတဲ့ ရီခီရဲ့နောက်ကို စတော်ဘယ်ရီလိုနီရဲနေတဲ့ မျက်နှာနဲ့ဂျယ်ယွန်းက အမိဖမ်းဖို့ကြိုးစားတယ်။ ကုန်စုံဆိုင်က ကြောင်ဝါကြီးကဆူညံသံတွေကြောင့်ခေါင်းထောင်လာပေမဲ့ နှစ်ယောက်သားကိုလှမ်းမြင်တဲ့အခါ မထူးဆန်းတော့တဲ့ အကြည့်တွေနဲ့ကြည့်ပြီးပဲ ပြန်အိပ်တယ်။ ရယ်သံလွင်လွင်တွေကလည်း လမ်းမထက်မှာပျံ့နှံ့နေရော။
"ရားးး လူဆိုးကောင် သူခြေတံရှည်တယ်ဆိုတိုင်း ဇွတ်ပြေးနေတယ်!"
ပြေးလိုက်ရင်းမောလာပုံရတဲ့ ဂျယ်ယွန်းရဲ့ပုံစံကြောင့် တမင်အမိခံလိုက်တဲ့အခါ သူ့ကျောပေါ်ကျရောက်လာတဲ့လက်သီးဆုပ်သေးသေးလေးတွေ။ အဲ့လက်လေးတွေကို ပြန်ဖမ်းဆွဲပြီး ခါးကနေဆွဲပွေ့လိုက်တော့ အလိုက်သင့်လေးပါလာတဲ့ ကိုယ်လေးနဲ့အတူ၊ ဝိုင်းစက်သွားမျက်ဝန်းတွေရယ်၊ ကြောင်အစွာပွင့်ဟနေတဲ့ နှုတ်ခမ်းပါးလေးရယ်...။
သူ့ကိုယ်သူပုံတုံးတုံးနဲ့ ရုပ်ဆိုးပါတယ်ချည်း ပြောတတ်တဲ့ အစ်ကိုပိစိရဲ့ ခပ်ထူထူမျက်မှန်အဝိုင်းရဲ့နောက်မှာကွယ်ဝှက်နေတဲ့ မျက်ဝန်းတွေကဘယ်လောက်ထိလှကြောင်း ရီခီပဲသိတယ်။ ပြီးတော့ ရယ်လိုက်ရင် ကော့တက်သွားတတ်တဲ့ နှုတ်ခမ်းထောင့်စွန်းလေးကရောပေါ့။
ဒီလိုမျိုး ချောမောမှုတွေအပြင် အသည်းယားစဖွယ်လူသားလေးကို သူတစ်ယောက်ပဲမြင်နိုင်တဲ့နေရာမှာပဲဖွက်ထားချင်တာ။ ဒါကို ခပ်တုံးတုံးခွေးပေါက်လေးက ဘယ်တော့မှများ နားလည်လိမ့်မလဲ။
"ဘာလို့ ဒီလောက်ထိကြည့်နေတာလဲ အောက်ချပေးတော့.."
"ဟင့်အင်း.. ဒီတစ်ကြိမ်တော့ မောင့်ကိုနမ်းခွင့်ပေး"
ချုပ်တည်းနိုင်စွမ်းက ယိုင်နဲ့လာတော့ခွင့်တောင်းရင်းနှုတ်ခမ်းလေးကို ဖွဖွလေးလှမ်းနမ်းရှိုက်လိုက်မိပါရဲ့။ ဒါပေမဲ့ မထင်မှတ်စွာ ပြန်တုန့်ပြန်လာတဲ့ ဂျယ်ယွန်းကြောင့် အနမ်းတွေဟာ တဖြည်းဖြည်းနဲ့မွတ်သိပ်လာရတယ်။
ပန်းတွေပွင့်တဲ့ နွေဦးရာသီ၊ အချိန်အကြာကြီး ရင်းနှီးခဲ့ရတဲ့နေ့ရက်တွေထပ်မတွက်ရင် ရည်းစားသက်တမ်း 1နှစ်ပြည့်ဖို့ 7ရက်အလို။ အဲ့နေ့ကအိမ်အပြန်လမ်းကြားလေးထဲမှာ ပေးခဲ့တာ သူတို့နှစ်ယောက်လုံးအတွက် ပထမဆုံးအနမ်းလေးပဲဖြစ်တယ်။
♡♡♡
VOUS LISEZ
𝒜 ℒℴ𝓋ℯ𝓉𝒾𝓂ℯ 𝒮𝓉ℴ𝓇𝓎 ; 𝒴𝓊𝓃𝓀𝒾
FanfictionMay be short story for my random imagination. >< #A_Lovetime_Story #Yunki #Written_in_Burmese #Unicode_only Start - 24.8.2022