"မင်းအစ်ကိုလေ..၊ မနေ့ညနေက မျက်နှာကြီးနီရဲပြီးတော့ကို အိမ်ပြန်ရောက်လာတာ သိလား"
"မေမေ!"
စနေနေ့ရဲ့ ညစာထမင်းဝိုင်းလေးကကျီစားမှုတွေနဲ့ စတင်လာတယ်။ ဟင်းပွဲတွေချပေးရင်း အရယ်တစ်ဝက်နဲ့ပြောလာတာကတော့ ရီခီရဲ့ ယောက္ခမလောင်း ဖြစ်ပြီး၊ လန့်တကြားနဲ့ ဟန့်တားလိုက်သူကတော့ ဘယ်သူရှိမလဲ။လုပ်ချင်တာလုပ်ပြီးရင် ရှက်တတ်တာလည်း နှစ်ယောက်မရှိပြန်တဲ့ သူရဲ့ယွန်း။
ဂျယ်လီအိအိလေးတွေလို နူးနူးညံ့ညံ့အထိတွေ့လေးကိုပြန်တွေးမိတော့ ရီခီ့မျက်နှာက ပြုံးဖြီးဖြီး။ သူ့ထံသတိပေးသလိုကြည့်လာတဲ့ အကြည့်စူးစူးတွေကိုတော့ဖြင့် မသိချင်ယောင်ပဲဆောင်နေလိုက်တယ်။
ပြောရရင်ရီခီက skinshipကြိုက်သလောက်ကို ဂျယ်ယွန်းကတော့ အဲ့လိုမဟုတ်ခဲ့။ အမြဲခပ်ကုပ်ကုပ်နေပြီး သူ့အတွက် သက်တောင့်သက်သာဖြစ်တဲ့သူကလွဲရင်၊ တခြားအပြင်လူတွေနဲ့ ထိတွေ့ဆက်ဆံရမှာမကြိုက်တဲ့သူ။ ပြောမဲ့သာပြောတာ၊ အကြာကြီးရင်းနှီးခဲ့ရတဲ့ ရီခီတောင်မှပဲ အဆင့်တက်ဖို့ရာ မလွယ်ကူခဲ့။
မှတ်မှတ်ရရ ရည်းစားဖြစ်ခါစအချိန် အသည်းယားလွန်းလို့ ပါးလေးကိုအသိမပေးဘဲလှမ်းနမ်းမိတာကို ရှင်းမ်ဂျယ်ယွန်းတို့ငိုသွားတည်းက နီရှီမူရာ ရီခီတစ်ယောက် လက်လွတ်စပယ်မနမ်းရဲတော့တာပဲ။ ကျားသစ်တစ်ကောင်ရဲ့ ဥပုသ်စောင့်ရခြင်း နေ့ရက်တွေပဲပေါ့။
ဒါပေမဲ့လည်း အစ်ကိုပိစိနဲ့ ပတ်သက်လာရင် ရီခီကဲပိုတို့က စိတ်ရှည်ပေးနိုင်ပါတယ်။ မနေ့ကလို ရင်ခုန်စရာအခိုက်တန့်တွေထပ်ကြုံရဖို့ ဘယ်လောက်ပဲစောင့်ရ၊ စောင့်ရ ငြီးငွေ့သွားမှာမဟုတ်ဘူး။
"အဟမ်း..လူငယ်လေးတွေများနော်၊ ဒီအန်တီကြီးတွေ လိုက်မမှီနိုင်အောင်ပဲ"
သူတို့နှစ်ယောက်အကြောင်း ဦးတည်ပြောနေကြတဲ့ အမေတွေရဲ့စကားဝိုင်းမှာ အဖေတွေကတော့ ရယ်ရင်းပြုံးရင်းပဲ ထိုင်နားထောင်နေကြတယ်။ ရီခီကတော့ ခေါင်းကြီးငုံ့ရင်းမျက်နှာတွေဇွတ်နီရဲလာတဲ့ အစ်ကိုပိစိကိုပဲ ထိုင်ကြည့်ဖြစ်တယ်။
VOCÊ ESTÁ LENDO
𝒜 ℒℴ𝓋ℯ𝓉𝒾𝓂ℯ 𝒮𝓉ℴ𝓇𝓎 ; 𝒴𝓊𝓃𝓀𝒾
FanficMay be short story for my random imagination. >< #A_Lovetime_Story #Yunki #Written_in_Burmese #Unicode_only Start - 24.8.2022