In Love With A Vampire

439 27 2
                                    

( Unicode )

ဆန်းကြယ်ရာကိစ္စတွေကို စိတ်ဝင်တစားရှိသည်မို့ ကမ္ဘာပတ်ခရီးထွက်ရင်း ထူးဆန်းစွာကြီးကျယ်ခမ်းနားလှပသည်များကို ပန်းချီကားချပ်အဖြစ်ရေးချသူ။ လှပကြော့ရှင်းလှသည့် ဒီဇာတ်ရဲ့အဓိကဇာတ်ဆောင်လေး Park Jimin...။

1985 ခုနှစ်..။ နှစ်ပေါင်း 130 ရှိပြီး ကြီးကျယ်ခမ်းနားလှတဲ့အိမ်ကြီးရဲ့ရှေ့မှာ စုတ်တံကိုင်ပုံကတောင် ပန်းချီကားတစ်ချပ်လို လှနေသည့် ပန်းချီဆရာလေး အိမ်ကြီးကိုကြည့်ကာ ပန်းချီဆွဲနေသည်။ နေရာကလဲ ဆိုးလ်မြို့ရဲ့အပြင်ဘက် ဘယ်မြို့နဲ့မှမနီးသည့်နေရာ တောတောင်တွေကြားထဲ။

အိမ်ပိုင်ရှင်က လူမဟုတ်တာကြောင့် လူတွေနဲ့ဝေးရာမှာ နေချင်သည်မို့ ဒီနေရာအထိလာပြီး အိမ်ကြီးကို နန်းတော်တမျှသေချာဆောက်ခဲ့တယ်လို့တော့ အိမ်ကြီးအကြောင်း တစ်စွန်းတစ်စကြားဖူးသူများက ဆို၏။ သို့ပေမယ့် အိမ်နဲ့မိုင်ပေါင်းထောင်ချီဝေးတဲ့နေရာအထိ မြို့မပြောနှင့် အိမ်နည်းစုပင်မရှိတာမို့ ပြောသမျှတိုင်ကို ယုံမရပေ။

နှစ်ပေါင်းရာချီရှိနေပြီဖြစ်တဲ့ အိမ်ကြီးသည် အခုထိတခမ်းတနားရှိတုန်း။ ဒါတွေကို ပန်းချီအဖြစ်ပုံဖော်ချင်သည်မို့ ရောက်လာခဲ့သူ ပန်းချီဆရာလေး Park Jimin ..။

အိမ်ကြီးရဲ့ပုံကို စာရွက်ဖြူပေါ်အကြမ်းဆွဲချနေတုန်း ချက်ချင်းဆိုသလို မိုးများအုံ့မှိုင်းလာသည်။ မနေ့ကတည်းကရောက်နေသော်လည်း အခုထိပုံကြမ်းပင် မပြီးမြောက်သေး။ ဒီလိုအချိန်လင့်တာမျိုး Park Jimin ဘဝမှာ မရှိခဲ့ဖူး။ သို့သော်ဘာမှမတတ်နိုင်သည်မို့ ပစ္စည်းများသိမ်းကာ အိမ်ထဲဝင်ရတော့သည်။

" ဒီက ဧည့်သည်သခင်လေး စားဖို့တစ်ခုခုလုပ်ပေးရမလားရှင် "

လူရှိတာလား။ အိမ်ကိုထိန်းသိမ်းဖို့အခုထိ လူတွေထားထားတုန်းလား။ အိမ်ကကြီးလို့ထင်တယ် လူမရှိဘူးထင်နေတာ။ ညမှ လာစောင့်တာလား.. ဟုတ်မယ်.။

" ရပါတယ် မလုပ်ပါနဲ့.. မနေ့က မတွေ့ဘူးနော် ရက်ခြားပြီး လာတာလား "

" အမြဲရှိပါတယ်ရှင့်  "

" အမြဲရှိတယ် မရှိဘူးထင်နေတာ အိမ်ကကြီးလွန်းလို့ ရှိမှန်းမသိတာထင်တယ်."

One ShotsWhere stories live. Discover now