Unicode:Intro

3.4K 131 16
                                    


"မွှေးလိုက်တာ"

၀ရံတာလက်ရန်းပေါ် လက်နှစ်ဖက်တင်ရင်း နွေလေပြည်က ဆောင်ယူလာသော ကံ့ကော်ရနံ့ကို ထယ်ယောင်း တဝကြီးရှူရှိုက်လိုက်၏။ခြံအ၀င်ဝမှနေ၍ ကျောက်စရစ်အပြားကလေးများ ခင်းထားသော လူသွားလမ်းကလေး၏ ဘေးတစ်ဖက်တစ်ချက်စီတွင် စီတန်းလျက်ရှိနေသော ကံကော်ပင်တန်းတို့မှ မွှေးရနံ့က ထယ်ယောင်းအတွက်တော့ ဘယ်အချိန်ရှူရှိုက်ရှုရှိုက် ရိုးအီမသွားသော၊ အကောင်းဆုံးသော သဘာ၀တရားကြီး၏ sprayတစ်ခု။ခြံ၀င်းကြီး၏ အပြင်ဘက်ပိုင်းနှင့် အုတ်နံရံတို့၏ နံဘေးပတ်လည်တွင်တော့ ချယ်ရီပင်တန်းတို့နှင့် မြိုင်မြိုင်ဆိုင်ဆိုင်ရှိလှသည်။ပွင့်ချိန်မှာတစ်ပတ်သာလျှင်ရှိသည်ဖြစ်၍ အပင်တော်တော်များများရှိ ပွင့်ဖတ်ကလေးများ အကုန်အစင် ကြွေကျကုန်ပြီဖြစ်ပေသိ အပင်တစ်ချို့တစ်လေမှာတော့ ပွင့်ချိန်နောက်ကျ၍ထင့်၊ချယ်ရီပွင့်ဖတ်ကလေးများ အစုလိုက်အစပ်လိုက် ရှိနေပါသေးသည်။အဖြူရောင်နှင့်ပန်းရင့်ရောင် ချယ်ရီပွင့်ဖတ်တို့ဆီမှ အရွက်စိမ်းချွန်ချွန်များကြားရှိ လိမ္မော်ရောင်၀တ်ဆံနှင့် ပွင့်ဖတ်ဖြူဖြူကလေးများဆီ အကြည့်ရောက်ပြန်တော့ အစ်ကို့လက်တို့နှင့် ထိတွေ့ပြီးပျိုးခဲ့သော အပင်တွေဟူသည့် အသိစိတ်ကလေး ဖြတ်ခနဲ၀င်လာကာ သူ၏အာရုံခံစွမ်းရည်တို့က ပို၍ပင် လှိုက်ခုန်လို့ တိမ်းတိမ်းမူးမူး။အစ်ကိုသည် ပန်းကံ့ကော်နှင့်ချယ်ရီတို့၏ ဥယျာဉ်မှူး။သို့တည်းမဟုတ် သူ့နှလုံးသား၏ ဥယျာဉ်မှူး။

"ဟင်....အစ်ကို"

"ငေးလှချည်လား။ ကိုယ့်ယောကျ်ား အလုပ်သွားတော့မှာကို ပြင်ဆင်မပေးဘဲ ဒီမှာလာငေးနေတယ်။ ဟုတ်စ"

နောက်ပါးကနေ၍ လက်မောင်းနှစ်ဖက်အပါအ၀င် တစ်ကိုယ်လုံးကို သိမ်းကြုံးဖက်လိုက်ပြီး ထွက်လာသည့် အသံချိုချို။ချိုပေသိ သြဇာအပြည့်ပါနေသည့် လေယူလေသိမ်းကြောင့် ထယ်ယောင်းကိုယ်လေး ဆတ်ခနဲတုန်သွား၏။ပူရှိန်းချိုမြသည့် ရနံ့တစ်ခုက ကံ့ကော်ရနံ့တို့နှင့်အပြိုင် သူ့နှာသီးဝသို့တိုးဝင်လာပြီး နှာခေါင်းချွန်ချွန်က နောက်ပါးမှနေ၍ သူ့ဆံစများဆီ လာရောက်ထိခတ်သည့်အခါ သူ့ကိုယ်လေးအား အသာရို့ရင်း အိမ်ကြီးရှင်သခင်၏ ဖြူသွယ်သွယ်လက်အစုံကို အားသုံး၍ ဖယ်ခွာလိုက်ပါ၏။

❛ကျွန်တော့်ရဲ့ ဥယျာဥ်မှူး❜ 🅒🅞🅜🅟🅛🅔🅣🅔🅓Where stories live. Discover now