Part (4)

1.1K 72 18
                                    

"ဟေ့ကောင် ယောင်း"

"ဘာလဲကွာ"

မွေးရာပါအသံပြဲကြီးနှင့် အနားကပ်အော်သော မင်ယောင်းကောင်ကြောင့် ထယ်ယောင်း၏ တောင်ရောက်မြောက်ရောက် အတွေးများ တစစီလွင့်ကုန်သည်။

"ဘာလဲက ငါကမင်းကိုမေးရမှာ။ထမင်းမစားဘဲ လက်ကြီးထောက်ပြီး ဘာငိုင်နေတာလဲ။စားမှာစား။ခနနေ အတန်းပြန်တက်မှ တဂွီဂွီဂွမ်ဂွမ်မြည်နေရင် ငါကန်လွှတ်မှာနော် အေး"

အဖက်လုပ်၍ ခပ်လေးလေး ပြန်ထူးလိုက်မိပါသည်။စကားကြောရှည်က မပြီးနိုင်မစီးနိုင် သြဝါဒခြွေသည်။မျက်လုံးထောင့်ကပ်ကြည့်မှ အသံတိတ်သွား၏။

နေ့လယ်ထမင်းစားဆင်းချိန်ဖြစ်ရာ ကျောင်းထမင်းစားဆောင်ကြီး၏ ကောင်တာရှေ့တွင် ကျောင်းသား၊ကျောင်းသူများဖြင့် အုန်းအုန်းကြွက် စည်ကားနေသည်။သတ်မှတ်ပုံစံအတိုင်း ထည့်ယူရသော ထမင်း၊ဟင်းတို့ကို စီတန်းလျက် စောင့်ယူနေကြသည့် ကျောင်းသား၊ကျောင်းသူများ၊ခုံတန်းရှည်များပေါ်တွင် နှစ်ယောက်တစ်တွဲ သုံးယောက်တတွဲ နေရာယူထားကြသည့် ကျောင်းသား၊ကျောင်းသူများဖြင့် ထမင်းစားဆောင်၏ နေရာအနှံ့တွင် လက်ညှိုးထိုးမလွဲ။ဇွန်းသံ၊ပန်းကန်ချသံ၊ထမင်း၊ဟင်းများ ခူးခပ်ထည့်ပေးနေသည့် စားဖိုမှူးအဒေါ်ကြီးများ၏ စကားပြောသံ၊ကျောင်းသား၊ကျောင်းသူများ၏ စကားပြောရယ်မောသံတို့ဖြင့် ကျောင်းကြီး၏နေ့လယ်ခင်းမှာ သက်၀င်လှုပ်ရှား လွန်းနေပါ၏။

"ဟေ့ကောင် ယောင်း မင်း ဟင်းဘူးအပိုထည့်လာတယ်မလား"

"ထည့်လာပါတယ်ခင်ဗျ၊ထည့်လာပါတယ်"

ပုံစံခွက်ထဲရှိ ထမင်းဖြူဖြူစီးစီးကို တူနှင့်ညှပ်၍ မစားချင့်စားချင် ပါးစပ်ထဲအတင်းထိုးထည့်နေတုန်း ဘေးတွင်ရှိနေသည့် သကောင့်သား၏ စပ်ဖြီးဖြီးမျက်နှာက မိမိရှေ့သို့ ရောက်ချလာကာ ထိုင်ခုံနံဘေးချထားသည့် ဟင်းဘူးဆီ မျက်စပစ်ပြသည်။အကြည့်တစ်ချက်မလွှဲ လျှာပါသပ်ပြနေသေးသည့်အခါ ဘူးကြီးကောက်မပြီး အရှေ့တည့်တည့်ချပေးမှ ရှည်ထွက်နေသော လည်ပင်းက မူလအတိုင်း ပြန်ပု၀င်သွားရှာသည်။

🎉 You've finished reading ❛ကျွန်တော့်ရဲ့ ဥယျာဥ်မှူး❜ 🅒🅞🅜🅟🅛🅔🅣🅔🅓 🎉
❛ကျွန်တော့်ရဲ့ ဥယျာဥ်မှူး❜ 🅒🅞🅜🅟🅛🅔🅣🅔🅓Where stories live. Discover now