Part (2)

1.3K 105 20
                                    

ဘူဆန်၏ ဆောင်းညနေခင်းများသည် ရှက်သွေးဖြာနေသော အပျိုဖြန်းကလေး တစ်ဦးနှယ် အရိုင်းဆန်ဆန်နှင့်လှ၏။နွေးနုနုနေရောင်ခြည်က ပင်လယ်မြို့လေးအား အပေါ်စီးမှမိုးအုပ်လျက် မိုးကုတ်စက်၀ိုင်းတစ်လျှောက် ဖြန့်ကျက်ထားပြီး တစ်ချက်တစ်ချက်တွင် ဆားနံ့ပါသောပင်လယ်လေများ ဝေ့၀ဲတိုက်ခတ်လျက်ရှိတတ်၍ မပူလွန်းမအေးလွန်းသော ရာသီဥတုကိုလည်း ဖန်ဆင်းထား၏။လမ်းဘေး၀ဲယာတစ်လျှောက်နှင့်ပလက်ဖောင်းများထက်၀ယ် ဟိုတစ်ပင်စ ဒီတစ်ပင်စပေါက်ရောက်နေသော ဂင်ဂိုပင်တို့မှ ၀ါရင့်ရင့်ရွက်ကြွေများ၊နီညိုရောင် မေပယ်ရွက်ကြွေများနှင့် အရိုးအပြိုင်းပြိုင်းဖြစ်နေသော သစ်ပင်ပန်းမာန်တချို့က ဆောင်းဦး၏သရုပ်ကို အစွမ်းကုန်လှစ်ဟပြခဲ့ပြီးပြီဖြစ်ကြောင်း ဖွင့်ဆိုပြနေသယောင်ရှိသည်။ဆောင်းညနေခင်းမို့ ပလက်ဖောင်းများနှင့် လမ်းမများထက် လူသွားလူလာ သိပ်မရှိသော်ငြား မြို့လည်ကောင် Nang-po dongဧရိယာအတွင်းရှိ Gukjeစျေးကြီးတွင် စျေး၀ယ်လာသူများနှင့် ပျားပန်းခတ်မျှ စည်ကားလျက်ရှိ၏။ကိုရီးယားရိုးရာအထည်များ၊ကင်ချီများနှင့်ရိုးရာမုန့်အမျိုးမျိုးကို လိုချင့်စဖွယ် ခင်းကျင်းပြသထားသည့် သည်စျေးကြီးကို ဖြတ်တိုင်း တစ်ကြိမ်တစ်လေလောက်တော့ ထယ်ယောင်း လည်ပြန်ငေးမိတတ်သည်။

"ဟေ့ကောင် ယောင်း မင်းကအိမ်ကို တန်းပြန်မှာ မဟုတ်ဘူးလား။"

" မပြန်သေးဘူး။၀င်စရာ တစ်နေရာရှိသေးလို့"

ခပ်ပြေပြေလေးဖြစ်နေသော ကုန်းဆင်းလမ်းအတိုင်း စက်ဘီးကို သူ့အရှိန်လေးနှင့်သူ လှိမ့်ဆင်းချလိုက်ပြီး ပြန်နေကျ လမ်းသွယ်ထဲသို့ မချိုးကွေ့ပါဘဲ မီးပွိုင့်နားထိ ဆက်နင်းလာတော့ ငေးငေးဆွေးဆွေးနှင့် နောက်ပါး၌ ကျန်ရစ်ခဲ့သည့် မင်ယောင်းက စက်ဘီးကို ဒုန်းစိုင်းနင်းလျက် ကိုယ့်စက်ဘီးနောက် အမီလိုက်လာရင်း မေးသည်။ပါးစောင်တွင်း ငုံခဲထားသည့် ချိုချဥ်ကို တစ်ခွက်ခွက်မြည်အောင် ကိုက်ဝါးလိုက်ပြီး ခေါင်းယမ်းပြတော့ သက်ပြင်းကို တမင်တကာ သံရှည်ဆွဲချလျက် သကောင့်သားက ကိုယ့်မျက်နှာဆီ ရှူတည်တည်နှင့် စိုက်ကြည့်လာသည်။

❛ကျွန်တော့်ရဲ့ ဥယျာဥ်မှူး❜ 🅒🅞🅜🅟🅛🅔🅣🅔🅓Where stories live. Discover now