" အဝတ်အစားတွေဝတ်ကြည့် .. "
" မင်း ရှေ့မှာလား "
" ငါ့ရှေ့မှာပေါ့ မင်းကဘယ်သူ့ရှေ့ ဝတ်ချင်လို့တုန်း "
SHIT !!! WHAT THE FUCK !!!
စိတ်ထဲလူသတ်ချင်စိတ်နှင့် အားရပါးရကျိန်ဆဲရင်း
လက်ထဲကအဝတ်အိတ်ကို ကုတင်ပေါ် ပစ်ချလိုက်သည် ။ထိုအပြုအမူကပင် အနှီးသကောင့်သားကို
ကျေနပ်စေနေလားမသိ ။ ဆယ် ဟွန်း မျက်နှာ မဲပုတ်လေ
ဂျုံ အင် နှုတ်ခမ်းလွှာအစွန်းတွေ တွန့်ကွေးလေ ။" ဆယ် ဟွန်း မြန်မြန်လုပ်ကြာ မင်းလည်းမင်းကိစ္စ
မင်းရှိသလို ငါလည်းငါ့ကိစ္စနဲ့ .. ဝတ် တစ်ထည်ချင်းစီ
ငါ့ရှေ့ထုတ်ဝတ် "" ချီးဘဲ .. ဂင် ဂျုံ အင် .. မင်းသတိထားနေ
ငါ့လက်နဲ့မင်းသေဖို့နီးနေပြီ "ဘယ်လိုမွ ဒေါသထိန်းမရတော့သဖြင့် ဆယ် ဟွန်း
တစ်ယောက် အနားက ခေါင်းအုံးနှင့် ပစ်ပေါက်ပြီး
ဦးနှောက်ထဲရှိသမျှဆဲနည်းပေါင်းစုံဖြင့် မျက်စိရှေ့က
ပြုံးဖြီးနေသည့် ဂျုံ အင် အား ပေါက်ကြဲတော့သည် ။ဆယ် ဟွန်း အားရအောင် ဆဲပြီးမှ စိတ်မောမောနှင့်ပင်
ကျောင်းအကျႌတစ်လွှာချင်းစီ ချွတ်၏ ။ဘောင်းဘီပါ တစ်ဆက်တည်း ချွတ်ပစ်ပြီး ခြေထောက်ဖြင့်
ဂျုံ အင် ရှိရာဆီ ကန်ထုတ်လိုက်သေးသည် ။ဤသည်ကား ကလေးဆန်ခြင်းမဟုတ် ယောကျာ်းမာနနှင့်
နည်းနည်းဘဲစိတ်လွှတ်လိုက်ခြင်း ။ ဆယ် ဟွန်း သာ
ဘာမွစောက်ဂရုမစိုက်ဘဲ ဒေါသူပုန်ထရမည်ဆိုပါက
ချွတ်လိုက်တဲ့ဘောင်းဘီနဲ့ ဂင် ဂျုံ အင့် မျက်နှာကို
ပစ်ပေါက်ကာ စိတ်ကျေနပ်တဲ့အထိ ဆွဲထိုးချင်သည် ။သို့သော် ဆယ်ဟွန်း အခြေအနေက စိတ်လိုက်မာန်ပါ
လုပ်ဖို့မသင့်သဖြင့် လေပူတစ်ချက်မှုတ်ထုတ်၍
တွေ့ရာ ဂါဝန်တစ်ထည်ကို ကောက်ဆွတ်လိုက်သည် ။" ကဲ ရပြီလား "
" လေးထည်လုံးဝတ်ပါဆို ငါကြည်ချင်လို့ "
" ဘောဘဲ .. "
အို ဆယ် ဟွန်း လေးသည် အဆဲသန်သလားတော့မမေး
နှင့် အကျႌတစ်ထည်ဝတ်ပြီးလျှင် တစ်မျိုးဆဲသည် ။