" မအိပ်သေးဘူး ဆယ် ဟွန်း "
ဂျုံ အင် ခြေလက်ဆေးပြီး ရေချိုးခန်းထဲမွ ပြန်ထွက်လာ
သည်အထိ စာရေးစားပွဲပေါ် လက်တော့တစ်လုံးနှင့်
အလုပ်ရှုပ်နေသည့် ဆယ် ဟွန်း ။ဆယ် ဟွန်း ဆီ ရောက်သည့်အချိန်ကပင် အတော်လေး
နောက်က်နေပြီကို အနှီးသကောင့်သားက အခုထက်ထိ
စာအလုပ်မပြတ် ။" အိပ်နှင့် .. ငါ လုပ်စရာရှိသေးလို့ "
အတော်လေးပင်ပန်းနေပေမဲ့ ဂျုံ အင် မျက်လုံးပိတ်၍မရ ။
တစ်နှစ်ကျော်လောက် ကြီးထွားခဲ့သည့် အလွမ်းထုထည်က
အခုလို တစ်ခန်းတည်း အတူရှိနေပြီး မျက်နှာလေး
မြင်နေရသည်ဆိုတော့ ဤအချိန်ခဏလေးအတွင်းကို
လက်လွှတ်စပယ် မကုန်ဆုံးစေချင် ။အို ဆယ် ဟွန်း ဆီကလုံးလုံးလျားလျား လျစ်လျူ ရှုခြင်း
ခံံနေရသော်ငြား ဂျုံ အင့် အတွက် အထွေအထူးခံစား
ပြီး စိတ်ဆိုးစရာတော့မရှိ ။" မင်း ငါ့ ကို လွမ်းလား ဆယ် ဟွန်း ..
ငါကတော့ မင်းကို သေအောင် လွမ်းတယ် ။
မြင်နေရတာတောင် လွမ်းနေတုန်းဘဲကြာ "အစကတော့ ကုတင်ပေါ် တစောင်းအိပ်၍
ဆယ် ဟွန်း ၏ ပါးပြင်တစ်ခြမ်းအား တစ်စိမ့်စိမ့်ငေးကြည့်
နေရင်းမွ အားမလိုအားမရဖြစ်လာသဖြင့် ချက်ချင်းထပြီး
ဆယ် ဟွန်း အနားဆီလျှောက်သြားကာ ခါးအနည်းငယ်
ချိုး၍ ဆယ် ဟွန်း ပခုံးပေါ် ခေါင်း မှီချလိုက်သည် ။" ကို လေး .. "
ဂျုံ အင့် ကို ခေါင်းစောင်းကြည့်လာသည့် ဆယ် ဟွန်း
ပါးပြင်နှင့် လည်ပင်းသားဖွေးဖွေးက အစိုးမရချင်သော
စိတ်အဖုံဖုံကို ရုန်းထစေနေသော်လည်း တည်ငြိမ်မှု
အပြည့်အဝရှိနေသည့် သကောင့်သား၏ အသက်ရှူ သံ
သဲ့သဲ့ကြောင့် ဂျုံ အင့် မွာ အကြမ်းအရမ်း ထင်တိုင်း
မကြဲရဲ ။ဆပ်ပြာနံ့သင်းသင်းနှင့် ကိုယ်ရနံ့ ကိုသာ အကြိမ်ကြိမ်
ရှူ ရှိုက်ရင်း အလွမ်းထုထည်အား တစ်လွှာချင်း
ဖဲ့ခ်ရ၏ ။" ချစ်တယ် ဆယ် ဟွန်း ။ မင်း ပြန်ချစ်ဖို့ စိတ်ကူးမရှိရင်
ငါ့ဘက်ကဘဲ ချစ်မယ် ။ ဒါပေမဲ့ အနားမွာတော့
နေပေးလေကွာ ။ ငါ့အတွက် မင်းကိုကြည့်နေရရင်
ကျေနပ်တယ် "