" ကိုလေး .. ငါ မင်းကိုဒီနေရာခေါ်လာတာ
ငါဘာကြောင့် ဒါမျိုးတွေဝတ်လဲဆိုတာ သိစေချင်လို့ "" စိတ်မပူပါနဲ့ .. ငါက မင်းကို ဒုက္ခရောက်အောင်
လုပ်မဲ့သူလား "" ကျေးဇူး .. ကိုလေး "
သူငယ်ချင်းတွေနှင့် ခဏတွေ့ပြီး ဆယ် ဟွန်း ကို
စိတ်အနှောက်အယှက်မပေးချင်၍ ဝိုင်းဆွဲထားသည့်
ကြားက ဂျုံအင် ရှောင်ထွက်လာခဲ့သည် ။ထို့နောက် ဆယ် ဟွန်းက သူသွားမည့်နေရာကို
ဂျုံ အင့်ကိုပါ လိုက်စေသည် ။ကြယ်ငါးလုံးအဆင့်ရ အဆင့်မြင့်ဟိုတယ်တစ်ခုကို
ခေါ်သွားပြီး ဗီဗီအိုင်ပီ ကဒ်နှင့် ထိုဟိုတယ်၏
သီးသန့်ရှိပုံပေါ်သော ဘားခန်းမသို့ ရောက်သွားသည် ။ဝင်ဝင်ချင်းပင် ဂျုံ အင် တစ်ခါမွမတွေ့ဖူးသောအပြင်အဆင်
နှင့်ဧည့်ခံမှုပုံစံတွေကြောင့် ဆယ် ဟွန်း ပြောပြမည့်
သူ့လျှိုဝှက်ချက်ကို ပိုပိုပြီးသိချင်လာသည် ။" ငါ အဝတ်အစားလဲလိုက်ဦးမယ် ။ လုံးဝအရက်
မသောက်ရဘူးနော် "" မင်းမကြိုက်တာဆို မလုပ်ပါဘူး ဆယ် ဟွန်း ရာ "
မျက်စိတစ်ဖက်မှိတ်ပြကာ ခပ်နောက်နောက်စမိတော့
ဆယ် ဟွန်း ပါးစပ်လှုပ်ရုံသာဆဲပြီး လက်မောင်းကို
တစ်ချက်ထိုးသြား၏ ။လဒကောင်က အားနှင့်ထိုးသြားသဖြင့် အောင့်ပြီး
ကျန်ခဲ့သည့်လက်မောင်းကို ဆုတ်ကိုင်၍
ရယ်ကျဲကျဲနှင့် အချစ်မပျက်သူမွာ ဂင် ဂျုံ အင် သာလျှင် ။ဆယ် ဟွန်း ပြန်ရောက်မလာသေးချိန် ဘားတစ်ခုလုံးကို
လိုက်ကြည့်တော့ အံ့ျသစရာကောင်းလောက်အောင်ပင်
အဆင့်အတန်းမြင့်ပြီး သိမ်မွေ့လွန်းသည် ။သူ့ဝိုင်းနှင့်သူ , သူ့အခန်းနှင့်သူ အရက်သောက်သူမ်ားမွ
လြဲ၍ အခြားသရုပ်ပျက်သည့် မြင်ကွင်းမျိုးလုံးဝမရှိ ။နားအေးပါးအေးအရက်သောက်ချင်သူများအတွက်
အတော်လေး မိုက်သည် ။ဂျုံအင်တို့လိုလူငယ်များအတွက်တော့ ပျင်းဖို့ကောင်းလွန်း
သည့်နေရာမျိုးဖြစ်တာတော့အမှန်ပင် ။