"Choi Down.."
"ဗျာ"
"အဲ့တာဘာလုပ်နေတာလဲ"
" ကိတ်မုန့်စားနေတာပါ "
"ထမင်းစားပြီးမှ သရေစာစားဖို့ မမှာထားဘူးလား"
"Papa ကလဲ သားပြောတာနားထောင်ပါဦး သားကဒီမှာအမြဲတမ်းနေတဲ့သူလေ သားမှာရွေးချယ်စရာလေးတောင်မရှိတော့ဘူးလား "
"ဒါမဲ့ Pa ဘာမှာထားလဲ သားကို... "
"နေပါဦး Pa ကလဲ သားပြောတာ နားထောင်ပါအုံး"
"ကောင်းပြီ ဘာလဲ"
"ဒီအိမ်မှာသားစိတ်ကြိုက်လုပ်မယ် Pa လဲ Pa စိတ်ကြိုက်လုပ်လို့ရတယ်"
"အိုကေ ဒါမဲ့သားက Pa စကားကို နားမထောင်ဘူးလေ"
"Pa ကကော သားစကားကို နားထောင်လို့လား" ခါးထောက်ကာ ပြန်ပြန်ပြောနေသော Dowon ကြောင့် ရယ်ချင်လာတယ် အရင်က Mommy လို့ခေါ်ပေမဲ့ တဖြည်းဖြည်းနဲ့ Papa လို့ခေါ်ဖို့ ကျင့်ထားလို့ အခုတော့ Papa Papa နဲ့ လူကို ပြိုင်ငြင်းနေပြီ
"သားကိုဒီလိုမလုပ်ဖို့ Pa မပြောဘူးလား"
"နေပါဦး သားပြောတာနားထောင်ပါဦးဆို ဟိုမှာထားတဲ့ဟာကို သားသုံးပြီးရင် Daddy ကပြန်ဝယ်ပေးတယ် Pa သုံးပြီးရင်လဲ Daddy ပြန်ဝယ်ပေးတယ်လေ "
"ဒါပေမဲ့ Dowon ကို သိစေချင်တာက"
"သားကိုဘာတွေသိစေချင်သလဲ"
"Pa စကားကိုနားထောင်ပေးပါ အခုနားထောင်"
"သားပြောတာအရင်နားထောင်ပေးပါလို့"
"နားမထောင်ဘူး သရေစာကိုအရင်မစားရဘူးလို့ မပြောထားဘူးလား ထမင်းအရင်စားလို့ကော မမှာထားဘူးလား"
"သားပြောမယ် သားတစ်ခုခုစားချင်ရင် သားဖို့ယူလာပေးရမယ်မဟုတ်ဘူးလား"
"အင်းလေ ဒါပေမဲ့ နေ့လယ်စာစားပြိီးမှ စားရမယ်လို့မမှာထားဘူးလား အခု Pa စကားကို နားမထောင်ဘူးလေ"
"သားပြောတာ အရင်နားထောင်ပါဦး"
"ဘာကိုနားထောင်ရဦးမှာလဲ"
"Daddy ခေါ်သလိုပဲခေါ်တော့မယ်
Honey.. Honey.. ""ဘာHoneyလဲ...မင်း daddy က ဘယ်တုန်းကအဲ့လိုခေါ်လို့လဲ "
YOU ARE READING
He Is My Son's Mommy[TaeBin]
Fanfiction🅲🅾🅼🅿🅻🅴🆃🅴🅳 [30.3.22]♡ TXT Fanfiction Myanmar 🤍Soobin×TaeHyun🤍 မွေးနေ့အမှတ်တရ ရည်ရွယ်ထားတဲ့ one shot လေးကနေ ရေးရင်း အရမ်းရှည်သွားလို့ အပိုင်းနဲ့ဖြစ်သွားတယ် 😗🙈