👤👤ရှာကြကွာ တွေ့သမျှ တန်ဖိုးကြီးပစ္စည်းမှန်သမျှ အကုန်သိမ်း
👥ဒီအဘိုးကြီးမှာ ဘာမှလဲ ရှိမဲ့ပုံမပေါ်ပါဘူး အကြွေးတောင် ပြန်မဆပ်နိုင်ဘဲနဲ့
ထိုစဉ် တိုက်ခန်းတံခါးဖွင့်ကာ ဝင်လာတဲ့ ကောင်လေးတစ်ယောက် သူခိုးဝင်နေတယ်ထင်ပြီး အော်မယ်အလုပ်....
👥ကောင်လေး မင်းမသေချင်ရင်မင်းပါးစပ်ကိုပိတ်ထား ဘာမှလုပ်ဖို့မကြံနဲ့ ငါတို့က နှစ်ယောက် မင်းက တစ်ယောက်တည်း အဲ့တော့ ငြိမ်ငြိမ်လေးနေ။ ။👥ဘာတွေတွေ့လဲ
👤တန်ဖိုးကြီးကြီးမားမားဘာမှမရှိဘူး
👥 ငါပြောပါတယ် ရှိမှာမဟုတ်ဘူးလို့ ဒီကောင်လေးပဲ ခေါ်ခဲ့တော့
"မလိုက်ဘူးနော်..လွှတ်...ကယ်ကြပါ!!"
👤တကယ်ပြောရခက်တဲ့ကောင်လေးပဲ
👥 ပါးစပ်ကို တစ်ခုခုနဲ့ ပိတ်ပြီး ထမ်းခေါ်ခဲ့စမ်းကွာ အာရုံနောက်တယ်
👤အိုကေ
TaeHyun တစ်ယောက် မနက်ပိုင်းနောက်ဆုံးအချိန် ဆရာ မလာလို့ အိမ်ကိုအစော ပြန်လာလိုက်တယ်။
ထိုစဉ် အိမ်ထဲမှာ စကားပြောသံတွေ ကြားနေရလို့ အမြန်ဝင်ကြည့်လိုက်တော့ တစ်အိမ်လုံးကိုမွှေနောက်ပြီး ပစ္စည်းတွေရှာနေကြတဲ့သူတွေ-။ သူခိုးဆိုပြီး အော်ဖို့လုပ်တော့ ထိုသူတွေက သတိထားမိသွားပြီး အော်ရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်တော့ ဘာမှမလုပ်ရဲ လက်နက်တွေလဲပါပြီး တကယ်လုပ်မဲ့ပုံတွေနဲ့ဆိုတော့ ငြိမ်ငြိမ်လေးနေနေရတယ်။ထို့နောက် စကားတွေပြောနေကြရင်း ကျနော့်ကို ခေါ်ခဲ့ဖို့ ပြောတော့ အလန့်တကြား ထရုန်းပြီး အော်မိတော့ ပါးစပ်ကို အဝတ်ဆို့ခံလိုက်ရပြီး ထမ်းခေါ်တာ ခံလိုက်ရတယ်။
**ဘဝက အိမ်မှာခဏလောက်အိပ်မယ်ဆိုပြီး အစောပြန်လာခါမှ ပြန်ပေးဆွဲခံလိုက်ရတဲ့အဖြစ်..ဒီလိုမှန်းသိ ဟိုကောင်တွေ ဂိမ်းဆော့ဖို့ခေါ်တာ လိုက်သွားပါတယ်...👤Boss ကျနော်တို့ပြန်ရောက်ပါပြီ
ထိုအခါ Maid တစ်ယောက်ကနေပြီး
''သခင်လေးက အစ်ကိုလေး BeomGyuနဲ့ အလုပ်ကိစ္စရှိလို့ အပြင်ထွက်သွားပါတယ်''
YOU ARE READING
He Is My Son's Mommy[TaeBin]
Hayran Kurgu🅲🅾🅼🅿🅻🅴🆃🅴🅳 [30.3.22]♡ TXT Fanfiction Myanmar 🤍Soobin×TaeHyun🤍 မွေးနေ့အမှတ်တရ ရည်ရွယ်ထားတဲ့ one shot လေးကနေ ရေးရင်း အရမ်းရှည်သွားလို့ အပိုင်းနဲ့ဖြစ်သွားတယ် 😗🙈