စိမ်းစိုနေသည့်တောတန်း တောင်ကုန်းလေး
အမြင့်ဘက်ဆီမှ တစ်ဖက်က တောင်ကုန်းကို
ကျော်လွန်လျှင် ရေစီးသန်လွန်းသည့်
ရေတံခွန်တစ်ခုကိုလှမ်းမြင်နေရသည်။အနည်းငယ်လဲတောတွင်းဘက်ကျသည်မို့
သားရဲတိရိစ္ဆာန်တွေပေါသည်။ထိုတောင်ကုန်းလေးပေါ်တွင် အားရပါးရ
ထိုင်ချကာ ရေတံခွန်မှရေစီးသံကျယ်ကျယ်
လောင်လောင်ကို သေချာနားထောင်နေမိသည်။
လူသူမရှိသည့်တောတွင်းမို့ ရေစီးသံက
ပို၍ ထင်ရှားသည်။" မင်းသား...စာပေသင်ကြားချိန်ရောက်ပြီ
မို့...နန်းဆောင်ကိုပြန်ချိန်သင့်နေပါပြီ..."စာပေလေ့လာရမှ ပျင်း၍ ဒီတောင်ကုန်းပေါ်
ထွက်ပြေးလာခြင်း။သို့သော်လည်း အိမ်ရှေ့စံလေးအကြောင်း
အလွတ်ရ နေပြီ၊အိမ်ရှေ့စံဘယ်သွားမည်
ဘယ်သွားတတ်သည် ကိုသိပြီးသားမို့
ထွက်ပြေးသွားသော အိမ်ရှေ့စံလေးနောက်
လိုက်လာရသည်။" ဟိုး...ရှေ့က...ရေတံခွန်ကြီးကို
ကြည့်လိုက်စမ်း....Jimin..."မင်းသားJungKook၏ လက်ညိုးညွှန်
ပြရာကို Jiminလိုက်ကြည့်မိသည်။" အရမ်းလှတာပဲ...ငါအဲ့မှာ...
ရေကစားလို့ရရင်သိပ်ကောင်းမယ်..."" အန္တရာယ်များ ပါတယ်...မင်းသားးဒီထိ
ရောက်လာတာကို...မင်းကြီးသာသိရင်
ကျွန်တော်မျိုး...အပြစ်ပေးခံရမှာပါ..."ငြိမ်သက်သွားပြန်သော မင်းသားသည်
လေပြည်သော့သော့လေးကြား ရေစီးသံကို
သဘောကျနေပြန်သည်။" မင်းသား...ဒီချိန်လောက်ဆို..သင်ကြား
ပေးမဲ့..ဆရာတွေရယ်...မင်းသားSeokJin
ရယ်...မင်းကြီးလဲရောက်နေလောက်ပါပီ...
...."" နောက်ကြ....အရွယ်ရောက်ရင်....
ဒီရေတံခွန်ထဲလိုက်ပို့မလား...Jimin..? "မင်းသားJungလုပ်ပုံနှင့်အတူ အထိန်း
တော်ကြီးပါ အပြစ်ပေးခံရတော့မည်။Jiminက အိမ်ရှေ့စံနားကပ်ကာ ခါးလေး
ညွှတ်လျက် ဖျောင်းဖျနေရသည်။
Jiminအနောက်တွင်တော့ အထိန်းတော်
ကြီးနှင့် အစေခံကောင်မလေးတချို့က
ခစားနေကြသည်။
YOU ARE READING
အရှင် ( season 1)
Short Storyအရှင်တစ်ယောက်သည်သာ ကိုးကွယ်ရာ...... အရွင္တစ္ေယာက္သည္သာ ကိုးကြယ္ရာ......