(3)

2K 210 7
                                    

ပြသာနာတွေသည် မပြီးသွား အင်အားကြီးသည့်
တစ်ဖက်တိုင်းပြည်မှမင်းသားYoonGi ကို
ဓားနဲ့ချိန်ရွယ်ခြင်းကိစ္စတွေကိုကြားသိသည်နှင့်
ညတွင်းချင်းပင်စစ်သည်ရဲမက်တွေနဲ့
ချီတတ်လာခဲ့ကြသည်။

" ဒါကဘယ်လို...ရိုင်းပြမှုမျိုးပါလဲ..မင်းကြီး.."

တဖက်တိုင်းပြည်မှ မင်းသားYoonGiရဲ့
အကိုဖြစ်သူ အိမ်ရှေ့စံNamJoonမှ
ဒေါသအမျက်တွေဖြင့် မင်းကြီးနန်းဆောင်ထဲတွင်
သူမကျေအေးနိုင်ကြောင်းကို ထပ်ခါထပ်ခါပြော
ဆိုနေခဲ့သည်။

" မျက်နှာမပြဝံ့တော့ပါဘူး အိမ်ရှေ့စံ....
ဒီတိုင်းပြည်ရဲ့အိမ်ရှေ့စံမင်းသားJungဟာ
ဒီလို ပြုမူတတ်တဲ့သူမျိုးမဟုတ်ပေမဲ့...
အနည်းငယ်မူးနေတာဖြစ်တဲ့အတွက်...
ခွင့်လွှတ်ပေးစေလိုပါတယ်..."

"ဒီတိုင်းတော့ ကြေအေးပေးဖို့ကမဖြစ်နိုင်ပါဘူး
မင်းသားYoonGi ဟာ ကျွန်တော်မျိုးတို့
နိုင်ငံရဲ့အထွဋ်အမြတ်ထားရာ မင်းသားတစ်ပါး
ဖြစ်သည့်အတွက် လွယ်လွယ်နဲ့ မကြေအေး
ပေးနိုင်ပါဘူး..."

အိမ်ရှေ့စံမင်းသားNamJoonတို့၏
တိုင်းပြည်သည် အင်အားကြီးမားသည့်အား
လျော်စွာ ထိုမင်းသားသည်ဥာဏ်ပညာနှင့်
ပြည့်စုံလွန်းသော်လည်း အမျက်ဒေါသကြီးလွန်းသည်။

" ကြေအေးပေးဖို့ရာက..ကျွန်တော်မျိုးရဲ့
တောင်းဆိုချက်ကို လိုက်လျောပေးရပါ့မယ်.."

" ဘာပဲဖြစ်ဖြစ်.. .ပြောပါ..မင်းသား.."

" အိမ်ရှေ့စံမင်းသားကို...အိမ်ရှေ့စံအရိုက်အရာ
ကဖယ်ချပေးပါ..."

မင်းကြီးနဲ့အတူ မင်းကြီးနံဘေးမှ အတိုင်ခံ
ပုဂ္ဂိုလ် တချို့သည် အံသြမှင်သက်ကုန်သည်။

" ဒီလိုမှမဟုတ်ရင် ကျွန်တော့်မျိုးရဲ့
ညီတော်မင်းသား အလိုရှိနေတဲ့ အိမ်ရှေ့စံရဲ့..
ကိုယ်ရံတော်ကို ကျွန်တော်မျိုးရဲ့တိုင်းပြည်ဆီ
ခေါ်ဆောင်သွားချင်ပါတယ်...ဒီလိုမှမဟုတ်ရင်တော့.."

တစ်ဖက်တိုင်းပြည်မှ အိမ်ရှေ့စံမင်းသားNamJoon
ရဲ့တောင်းဆိုမှုတွေကြား မင်းကြီးနဖူးပေါ်တွင်
ချွေးစတွေကိုတောင် မြင်နေရသည်။

 အရှင် ( season 1) Where stories live. Discover now