(2)

2.4K 225 2
                                    

" သမားတော်ကြီး...အဆင်မှ
ပြေရဲ့လား...တစ်ခုခုတော့..မဖြစ်ဘူး
မလားဟင်...? "

ကိုယ်ရံတော်၏အိပ်ဆောင်ဘက်တွင်
အထိန်းတော်ကြီးနှင့် သမားတော်တစ်ဦးသည်
ညအချိန်တွင် Jiminမြှားမှန်သောဒဏ်ရာ
အတွက် ပူပန်နေကြသည်။

" တော်သေးတာပေါ့..အဆိပ်တွေ..
မပျံ့သေးလို့..."

နှုတ်ခမ်းတွေ ဖြူစုပ်ကာ လဲလျောင်း
နေသော ကိုယ်ငယ်လေးသည်ငြိမ်သက်နေသည်။

" မနက်ကျ...သတိရလာပါလိမ့်မယ်..."

" ကျေးဇူးတင်ပါတယ်... သမားတော်ကြီးရယ်..."

ဘေးတွင်လဲ အစေခံကောင်လေးတချို့
ဖြင့်အနည်းငယ် ရုတ်ရုတ်သဲသဲဖြစ်ကုန်သည်။

ညကတစ်ညလုံး Jiminကိုစောင့်အိပ်
ပေးရသည်မို့ မနက်တွင်တော့ မျက်လုံးတွေသည်
ပန်ဒါကဲ့သို့ပင်။

" အထိန်းတော်ကြီး...ကျွန်တော်.... အကိုJin
နဲ့ လေးပစ်ကွင်း ကိုသွားမလို့..."

" ပြင်ဆင်ထားလိုက်ပါ့မယ်....မင်းသား..."

အထိန်းတော်ကြီး၏ဘေးတွင် Jiminကို
မတွေ့ မနက်စောစောကတည်းက မတွေ့မိ
တာကြောင့် သိချင်စိတ်လေးတွေကဖြစ်ပေါ်သည်။

အမြဲတမ်း Jiminကိုသာ ရှာနေရသည်၊
ဒါတော့မဟုတ်သေး။

" အထိန်းတော်ကြီး...Jiminကော...? "

မင်းသားအမေးကြောင့် အထိန်းတော်ကြီး
ခြေလှမ်းတွေနောက်ပါးဆီမှ မင်းသားဆီသို့
ပြန်လည်ဦးတည်ခဲ့သည်။

" ဟို...ဟို...ဟာ..."

စကားတွေသည် လိုရင်းရောက်မလာ။
အထစ်ထစ်အငေါ့ငေါ့ဖြင့်။

" ည...ညတုန်းက..မြှားထိထားတဲ့...
ဒဏ်ရာကြောင့်..... သတိမရသေးပါဘူး...
မင်းသား..."

" ဘာ...မြှားထိတယ်...!!!! "

" မှန်လှပါ...မင်းသား..."

" ဘယ်သူလုပ်တာလဲ...ဘယ်သူ့လက်ချက်လဲ...
ရာရာစစ.....ငါ့လူကို.....! "

ဒေါသအမျက်သံတွေသည်မင်းသားနန်းဆောင်ထဲ
ဟိန်းနေခဲ့သည်။

အလောတကြီးဖြင့်ထကာ တစ်နေရာကို
အလျင်အမြန်သွားနေတာကြောင့် အထိန်း
တော်ကြီးနှင့် ရံခြွေတော်တွေပင်
အပြေးအလွှားလိုက်ပါလာခဲ့ကြသည်။

 အရှင် ( season 1) Where stories live. Discover now