(4) End

2.8K 225 20
                                    

ရက်ပေါင်းမြောက်မြားစွာ ဒီအကျဥ်းထောင်ထဲ
ပင်ပန်းဆင်းရဲစွာဖြင့် Jiminဖြတ်သန်းနေခဲ့သည်။

စိတ်အစုံသည်လည်း ဦးတည်ရာမရှိခဲ့၊
စိတ်နှင့်ကိုယ်သည်လဲ တခြားဆီဖြင့်
လှုပ်ရှားနေသော်လည်း အသက်မရှိတော့သူကဲ့သို့သာ
နေထိုင်သည်။

တခါတရံအချုပ်ခန်းထဲတွင် အေးခဲလွန်း၍
ထောင့်ကပ်ကာ ခွေခေါက်နေသော်လည်း
အအေးဒဏ်ကိုပင် သိပ်မခံစားမိအောင်
ကိုယ်ရံတော်လေးက ထုံပေနေခဲ့သည်။
တခါတရံ အခြားအချုပ်ခံဆီကမှကြားရသော
အော်ဟစ်သံ ငိုနေသံ ညီးတွားသံတွေဖြင့်
မကျွတ်မလွတ် မြင်အပ်မမြင်အပ်
အရာတွေကိုပင်လည်း ဂရုမပြုနိုင်၊
ကိုယ့်အပူတွေနဲ့ကိုယ် လောင်မြိုက်နေသည်။

မနက်ဖြန်ရဲ့စီရင်ချက်အမိန့်ကို တွေးမိရင်
အရှင့်ကို လွမ်းသည်။
နောက်ဆုံးအနေနဲ့ မော်ဖူးချင်သေးသည်။
ရက်ပေါင်းမြောက်မြားစွာ မတွေ့ရတဲ့အချိန်တွေထဲ
မင်းသား အဆင်ပြေပြေရှိနေရန်ကိုလဲ
တွေးပူရသေးသည်။

ဒီနေ့ညသည် ယခင်ညတွေထပ်ပင်ပို၍
အေးစက်နေသလိုပင်မို့ အကျဥ်းထောင်အခန်းလေးထဲ
ထောင့်ကပ်ကာ ကျုံ့ကျုံ့လေးထိုင်နေမိသည်။
အတွေးတွေကတော့ အရှင့်ဆီမှာသာ မျောလွင့်ရင်း။

မြင်းတစ်ကောင်နဲ့အတူ အကျဥ်းထောင်ရှိရာသို့
မင်းသား ရောက်လာချိန်မှာတော့ အစောင့်
ရဲမက်တချို့ဖြင့် ပြည့်နေသည်။

ပုဝါအနက်ရောင်ကို မျက်နှာတစ်ဝက်လောက်ထိ
ဖုံးအုပ်၍စည်းထားကာ အစောင့်တချို့ရဲ့
အရိပ်အခြေကို မင်းသားက မှောင်ရိပ်ခိုကာ
စောင့်ကြည့်နေခဲ့သည်။
မင်းသားသည်လက်ရုံးရည်နှင့်ပြည့်စုံတာမို့
အလစ်တွင်ဝင်တိုက်ခိုက်ချိန်မှာတော့
အစောင့်တချို့ အထိနာကုန်ကြသည်။

အကျဥ်းထောင်ထဲအရောက်တွင်
သော့ကိုင်ထောင်စောင့် ကြီးသည်လည်း
ငိုက်မျဥ်းနေသည်မို့ သိပ်တော့မခက်ခဲလိုက်။
ထောင့်စောင့်ကြီးကိုရှင်းပြီးနောက် သူ့ဆီမှ
သော့တွေကိုရှာဖွေနေခဲ့သည် သော့တွေသည်
လည်းများပြားလွန်းတာမို့ မြင်သမျှကို
အကုန်ဆွဲယူကာ အကျဥ်းထောင်ထဲ
တွင် ကိုယ်ရံတော်လေးကိုရှာဖွေနေမိသည်။

 အရှင် ( season 1) Where stories live. Discover now