အပိုင်း(၂)

492 54 1
                                    

"ရှိုင်းရေ"

"လာပြီဦး"

"ဒီဖိတ်စာလေးတွေကိုစာရင်းထဲကအတိုင်းရေးပေးပါအုံးဟာ ငါအပြင်သွားရမှာမလို့"

"ဟုတ်ကဲ့ပါ ဦး‌ေဝရယ် ဖြည်းဖြည်းလဲသွားပါအုံး မိန်းမကလဲမလိုချင်လို့ပဲနော် ဟွန်း"

"နင်ကလဲ ငါကမလိုချင်ပါဘူး သူကငါ့လိုချင်နေတာ ဟဲဟဲ"

"ဖြစ်ရချည်သေး အံ့ကြီးဩပ"

"‌ကဲပါနောက်မှအံ့ဩ ငါမင်္ဂလာခန်းမဆီသွားလိုက်အုံးမယ်"

"ဟုတ်ကဲ့ပါ ရေးထားလိုက်မယ်ပြီးရင် ရှိုင်းကိုတစ်ဝိုင်းသီးသန့်နော်"

"အေးပါမိရှိုင်းရယ် သူပဲကြောက်နေရတယ်"

ရှိုင်းဦးမင်းတွေဟာရှိုင်းအတွက်တော့တကယ့်သူငယ်ချင်းတွေလိုပါပဲ ရှိုင်းကိုလဲချစ်ပေးကြတယ် တစ်ခါတစ်လေ‌ေတာ့ဖေဖေနဲ့လဲရှိုင်းအခုလိုအဆင်ပြေချင်ပါသည်။

မနက်ဖြန်ဆိုဖေဖေတို့လာမည်ပြောသည် မကြာခင်မင်္ဂလာဆောင်တော့မဲ့ရှိုင်းရဲ့ဦးငယ်မင်္ဂလာဆောင်ကိုပေါ့ အချိန်မကြာချင်တဲ့လူကြီးတွေကမင်္ဂလာပွဲက်ိုအမြန်သာစီစဉ်ကြပေသည်။

သေချာစဉ်းစားကြည့်မှာ ထိုအန်တီအား မတွေ့ရသည်မှာဟိုတစ်ခါလာတွေ့ပြီးကတည်းက‌ပင် သူကအလုပ်ရှုပ်လွန်းတယ်လို့ဦးဝေပြောတာကြားဖူးသည်အခုလဲမင်္ဂလာကိစ္စတွေကြောင့်အလုပ်ရှုပ်နေပုံရသည်။

"‌ဪငါလဲ အကုန်လိုက်တွေးနေတော့တာပဲ ဟူး...ဒီစာရင်းတွေမြန်မြန်ပြီးအောင်လုပ်မှတော်ကြာသူပြန်လာလို့မပြီးရင် ဦးဝေကရန်တွေ့တော့မယ် မိန်းမမလိုချင်ဘူးသာပြောတာ လက်ထက်ပွဲစီစဉ်တဲ့နေ့ကစပြီးပြာယာကိုခတ်နေတော့တာပဲ အင်းလေမင်္ဂလာဆောင်ကလဲသဘက်ခါကို‌"

__________________________________________
အဝါရောင်ရင်ဖုံးလေးကိုဝတ်ပြီး အောက်မှအဝါရောင်ချိတ်ထမိန်လေးကိုဝတ်ထားသောမိန်းက‌ေလးတစ်‌ေယာက်ဂုတ်လောက်ရှိသောဆံနွယ်တစ်ချို့ကိုသေသပ်စွာဖြီးကာ အဝါနုရောင်ပုဝါလေးအားအပေါ်မှခြုံလိုက်သည် ပြေပြစ်လှသောခန္ဓာကိုယ်လေးကြောင့် ယဉ်ယဉ်လေးနှင့်လှပသည်။အမြဲမိန်းမဆန်စွာဝတ်လေ့မရှိပဲ shirtအင်္ကျီပွပွတစ်ထည်သာဝတ်ထားတစ်သောမိန်းကလေးတစ်ဦးသည်ထိုနေ့မှာတော့ မိန်းကလေးဆန်စွာအလွန်လှပနေပေသည်။

မပန်ဆင်မှီနမ်းလှည့်ပါWhere stories live. Discover now