အပိုင်း (၁)

1K 68 5
                                    

ခေါင်းအုံးလေးထက်ဝယ်ကျဆင်းလျက်ရှိသောမျက်ရည် တစ်ချို့ အား သုတ်ရင်း လူမသိအောင်တိုးတိတ်စွာ ရှိုက်ငင်မိသည် နားပါးလွန်းသည့်ဖခင်မှ ကြားမိသည့်အခါ ဒေါသကြီးစွာဖြင့်

"နင်က အဲ့တာဘာဖြစ်ချင်နေတာလဲ"

"ဖေဖေရယ် သမီးတကယ်ပြောင်းမှဖြစ်မှာလား"

"အဲ့မှာမှကျောင်းမတက်ရင်နင့်ကိုဒီမှာလဲကျောင်းဆက်မထားနိုင်ဘူး နင်ကျောင်းထွက်ရမယ်"

"ကျောင်းတော့မထွက်ပါရစေနဲ့ဖေဖေ ရယ် သမီးသွားပါ့မယ်"

မိဘနှင့်ခွဲ၍ပင်မအိပ်ဘူးသောကျွန်မမှာ ဖခင် ၏ပြတ်သားလှသော စကားတို့ကြောင့်ကျောင်းပြောင်းရပါတော့မယ် ကျွန်မကျောင်းမထွက်ချင်ပါ
____________________________
နွေရာသီကျောင်းပိတ်ရက်ပင်ဖြစ်သည်။ ကွယ်လွန်သွားခဲ့သောကျွန်မအဖေဘက်ကအဖိုးကြောင့် ကျွန်မသည် ကျန်ရှိသေးတဲ့အဖွားကိုစောင့်ရှောက်ရန်ဟူသောအကြောင်းပြချက်ဖြင့်
ရန်ကုန်သို့ကျောင်းပြောင်းရတော့မည် ပို၍မြင့်မားသောပညာရေးစနစ်ကြောင့်ကောင်းမွန်သည့်ကိစ္စဆိုပင်မဲ့ ကျွန်မကို၏စိတ်ကိုမမေးမြန်းပဲ အတင်းစီစဉ်သည့်ဖခင်ကိုတော့ စိတ်နာမိသည် အေးချမ်းစွာပြောရင်ရပါလျှက်နဲ့ ကျောင်းမပြောင်းလျှင် ကျောင်းထွက်ရမည်ဟု တသတ်မတ်တည်းပြောသည်ကို ကျွန်မမကြိုက်ပါ

"ဟိုမှာကျောင်းကိုနင့်အဒေါ်တွေကစီစဉ်ပေးလိမ့်မယ် ဒီမှာကျောင်းပြောင်းဖို့အတွက် TC နင့်အဒေါ်ကိုပေးလိုက်"

"ဟုတ်ကဲ့"

"သမီးကားကိုဂရုတစိုက်စီးသွားအုံးနော်"

"ဟုတ်ကဲ့မေမေ"

ကျွန်မ၏မိခင်မှာကျွန်မအားလိုက်ပို့ချင်ပါသော်လည်း ဖခင်၏ သွားတတ်လာတတ်အောင် တစ်ကိုယ်တည်းသွားဟုပြောသောကြောင့် လိုက်ပို့ခွင့်မရှိပဲ ကျန်ရစ်ခါလိုအပ်သည်များကိုသာမှာကြားပေးနေသည် ကျွန်မ၏မိခင်မှာ ဒေါ်စုကလျာ ဖြစ်သည်။

"သမီးရေ တက်တော့ ဦးလေးတို့ကားထွက်တော့မယ်"

"ဟုတ်ကဲ့ဦးလေး"

ကားဆရာအဖေ့သူငယ်ချင်း၏ပြောဆိုမှုကြောင့်ကျွန်မ ကားပေါ်သို့တက်ရောက်ခဲ့သည်

မပန်ဆင်မှီနမ်းလှည့်ပါWhere stories live. Discover now