အပိုင်း(၄)

434 41 9
                                    

"ရှိုင်း ဘာတွေရယ်နေတာတုန်း"

"ဘာမှမဟုတ်ပါဘူး.. ဦးထွန်းရယ် ဇာတ်ကားကြည့်နေတာရယ်ရလို့ ဖွားဖွားရော"

"ဆေးသောက်ပြီး စာအုပ်ဖတ်နေလေရဲ့"ဟုဆို ရင်းကားသော့အားယူကာပြန်ဖြေနေသော ဦးထွန်း

"ဟုတ်လား ဦးထွန်းပြန်တော့မလို့လား"

"အင်းမြို့ထဲအလုပ်လေးရှိသေးလို့"

"ဟုတ်"

"အင်းအဲ့တာဆိုဦးသွားလိုက်အုံးမယ် ဒါနဲ့ရီရော"

"သူ့အလုပ်ကိစ္စတစ်ခု ရှိလို့အခန်းထဲမှာ စာရွက်စာတန်းတွေပြန်ကြည့်နေတယ်"

"ဪ အဲ့တာဆိုဦးလဲသွားတော့မယ် အရမ်းလဲကြည့်မနေနဲ့ ကိုယ့်ရောဂါကိုယ်သိ "

"ဟုတ်ကဲ့ပါ"

"ပြီးတော့ မနက်ဖြန်ကြရင် ကြီးမေဆီသွားလိုက်အုံး ကျောင်းတက်ဖို့ကိစ္စတွေလုပ်ရမယ်တဲ့"

"ဟုတ်ဦး လာခေါ်လေ လမ်းမလျှောက်ချင်ဘူး"

"ဟုတ်ပါပြီ မယ်မင်းကြီးမရယ်ကျွန်တော်မျိုးပဲ လာပင့်ဆောင်ပါ့မယ်"

"ဟဲဟဲ အဲ့လိုမှပေါ့"

ဦးထွန်းလဲ မနိုင်သောသူ့တူမအားပြုံးကြည့်၍သာ အပြင်သို့သွားရန်ထွက်သွားလေသည်။

......................................

"ပျင်းဖို့ကောင်းလိုက်တာ ကြည့်တဲ့ဇာတ်ကားတောင်မှပြီးပြီ ဒါနဲ့တီတီတစ်ယောက်ကြာလိုက်တာ ငါတောင်မေ့နေရော သွားကြည့်အုံးမှ"

ရှိုင်းလဲတီဗီခလုတ်ပိတ်၍ တီတီဆီသို့သွားရန်ထလာမိသည်။ အခန်းနားရောက်သော်တံခါးလေးအားဟ၍ချောင်းကြည့်မိသည်။

ချောင်းကြည့်၍ပင်မဆုံးသေးပွင့်လာသောတံခါး..

"အာ့"

ချောင်းကြည့်နေသည့်အချိန်ဖွင့်လိုက်သောတံ‌ခါးကြောင့်ရှိုင်းတစ်ယောက်ခေါင်း၌အာလူးသီးသွားသည်။

"သမီး အရမ်းနာသွားလားဟင် တီတီကရှိုင်းရှိနေမှန်းမသိလို့တွန်းဖွင့်လိုက်တာ"

ရှိုင်းရဲ့ဆံပင်လေးတွေကိုအပေါ်ကိုလက်က‌ေလးဖြင့်လှန်တင်ကာကြည့်လာသည်။

You've reached the end of published parts.

⏰ Last updated: Sep 29, 2024 ⏰

Add this story to your Library to get notified about new parts!

မပန်ဆင်မှီနမ်းလှည့်ပါWhere stories live. Discover now