"ငယ် ငယ်ထတော့လေကွာ "
"ဗိုက်ဆာပြီ ဗိုက်ဆာပြီ တို့မိန်းမလေးက အိပ်ပုတ်ကြီးနေတော့ ဒီမှာဗိုက်ဆာနေပြီ့လို့!"မနက်စောစောစီးစီးသခင်မရဲ့ညည်းညူသံဟာ အခန်းအတွင်းပျံ့နှံ့သွားသည်။အိပ်ချင်ယောင်ဆောင်တဲ့သူကနှိုးရခက်တယ်တဲ့။
ငယ်ကမန်းကတည်း ထကာ ငုတ်တုပ်ကလေးထထိုင်လိုက်သည်။သခင်မကတော့လန့်သွားဟန်နှင့်။"ငယ်!......."
"မနက်စာဘာစားမလဲ"
သခင်မဟာငယ့်ကိုကြည့်၍တချက်စဉ်းစားသည်။
"ကောက်ညှင်းပေါင်းရယ် လဘက်ရည်ရယ်"
"ငယ်ဈေးသွားရင်ဝယ်ခဲ့မယ်နော် သခင်မအိမ်ကပဲစောင့်နေ"
ကုတင်ပေါ်ကထလျက်နှင့်ရှည်လာသည့်ဆံပင်တချို့ကိုစုစည်း လိုက်သည်။
သခင်မကတော့ ငုတ်တုပ်ကလေးဟာ။
ကိုအေးမောင်ကိစဖြစ်ပြီးနောက် သခင်မနှင့်အတူ နယ်ဝေးတနေရာသို့ပြောင်းလာခဲ့သည်။သို့သော်သိပ်မကြာလိုက် မယ်မယ်ကြီးက သမီးစိတ်ဖြင့် ဆုံးသွားပြန်သည်။ထိုသတင်းကြားတော့သခင်မက
"အော်"ဟုသာပြောပါသည်။သံယောဇဉ်ကုန်သွားပြီထင်ပါသည်။အသုဘနှင့်အမွေကိစအတွက် အိမ်တော်သို့ တခေါက်ပြန်ရင်း ဒီမှာပဲနေဖြစ်တော့သည်။သခင်မဟာမယ်မယ်ကြီးရှိကတည်းက အလိုမကျသူများကို အပြင်လူအသစ်များနှင့်လဲပြစ်သည်။ကြီးမေတော့မပါ။စီးပွားရေးကိုသခင်မကဦးဆောင်သည်။ငယ့်အနားကပ်နေသည်ကပိုများပါသည်လေ။
"ငယ်လို့!!!"
"ခေါ်နေတာကိုလှည့်မကြည့်ဘူးဘယ်သူ့အကြောင်းတွေးနေသလဲ!!""သခင်မအကြောင်းပေါ့ ဘယ်သူ့အကြောင်းရှိရမလဲ စောစောစီးစီး ငယ့်ကိုမဂျစ်နဲ့နော်"
အရှိုက်ထိသွားသည့်နှယ်သခင်မမျက်နှာက ခရမ်းချဉ်သီးလိုနီလာသည်။
"ငါကဂျစ်နေလို့လား ငယ် နင်လာစမ်းအခု!!"
"မလာဘူးမလာဘူး ငယ်ဈေးသွားရမှာဆိုနေ"
"အပျိုကြီးတွေသွေးဆုံးကိုင်ရင်စိတ်ဆတ်တယ်ပဲကြားဖူးပါတယ်သူ့ကလှည့်ကြမှ အချွဲပိုနေတယ်""ဘယ်သူကအချွဲပိုတာလဲ"
"အမေ့.."
ပွစိပွစိလုပ်နေတဲ့ငယ့်ကို သခင်မကအနောက်မှ ဟန့်သည်။အရင်ကအတိုင်း မယ်ရှက်ပြာကလေးငယ်ဟာ ကုတင်ပေါ်သို့ဘုန်း"ခနဲ့ပြုတ်ကျသွားရပြန်သည်။
YOU ARE READING
"ကျွန်"
Romance"သခင်မ ရဲ့ခြေဖဝါးနုနုဟာ ဒဏ်ရာတွေပေးပါတယ်" "သခင်မ၏ အပြောချိုချို နှုတ်ကြမ်းကြမ်းဟာ တွေးရခက်စေတယ်"