အပိုင်း(၂)

12.8K 807 57
                                    

ပြောလည်းမထူး၊ထွက်သွားရင်လည်းနေစရာနေရာမရှိတဲ့အတူတူမလို့ ဒီမှာပဲနေရလိမ့်မည်။ခုနက ဖိနပ်တိုက်ထားခိုင်းသည်မို့ အိမ်ရှေ့မှ ဖိနပ်စင်ရှိရာလျှောက်လာလိုက်သည်။

"အဲ့ဒီလောက်အများကြီးက...."

ဘယ်တရံကိုတိုက်ထားခိုင်းသလဲမသိသည်မို့ ရှိသမျှဖိနပ်အကုန် ဖုန်မရှိပြောင်နေအောင်တိုက်လိုက်သည်။ဖိနပ်အကုန်တိုက်ပြီးခါမှ မမလေးဆင်းလာသည်။

"တိုက်ပြီးပါပြီ"

ရှေ့၌ဖိနပ်အပုံလိုက်ကိုတချက်ကြည့်ကာ မျက်ခုံးနှဖက်ကိုတွန့်ချိုးထားသည်။

"နင့်ကိုအဲ့အလောက်အများကြီးငါတိုက်ခိုင်းထားသလား"

"မမလေးကအပြင်သွားမယ်ဆိုလို့ ဘယ်တရံကိုတိုက်ရမှန်းမသိတာနဲ့"

"ကျစ်"

"နင်ကငါ့ရဲ့ကျွန် ငါကနင့်ရဲ့သခင်မလို့ပြောပြီးသား ငါ့ကိုမမလေး လို့ခေါ်စရာမလိုဘူး"
"ဉာဏ်ကိုမရှိဘူး"

ဖိနပ်တရံအတင်းကောက်စီး၍ အိမ်ထဲမှထွက်သွားသည်။ကျန်ခဲ့သူက ကျောက်ရုပ်အလားပင်။ဉာဏ်မရှိရအောင် ပွင့်ပွင့်လင်းလင်းပြောခဲ့သင့်တာ။

အိမ်မှာတယောက်ထဲကျန်ခဲ့သည်မို့ လုပ်စရာအလုပ်ရှာလုပ်ရမည်။အပေါ်ထပ်ကိုကြမ်းတိုက်သည်။မိမိအခန်းက ဖုန်အနည်းငယ်ရှိသည်မို့ရှင်းသည်။ကြမ်းတိုက်သည်။အိပ်ယာခင်းများလျှော်သည်။ညရှစ်နာရီလောက်၌မမလေးပြန်လာသည်။မဟုတ်ဘူး သခင်မ။

အိမ်ရှေ့သို့အပြေးထွက်ကာ လက်ကိုင်အိတ်အားပြေးယူလိုက်သည်။

"နောက်ကျတယ်နော်"

"ငါဘယ်အချိန်ပြန်ပြန်နင့်အလုပ်လား"

ခပ်ဆတ်ဆတ်ကလေးဖြေကာအိမ်ထဲသို့ဝင်သွားပြန်သည်။ဘယ်တော့မှအကောင်းမြင်ခံရမလဲမတွေးရဲတော့ပထမနေ့တရက်ထဲကပင် ကြောက်စရာကောင်းလှသည်။

"နင်ကြမ်းတိုက်ထားတာလား"

"ဟုတ်ကဲ့"

"နင့်ကိုကြမ်းတိုက်ဖို့ငါခေါ်ထားတာမဟုတ်ဘူးနော်!"

ဒေါသသံစွတ်၍ အော်သည်။မျက်နှာနုနုနှင့်မလိုက်အောင်ပင်မျက်မှောင်ကျုံ့ထားသည်။

"ကျွန်"Donde viven las historias. Descúbrelo ahora