အိမ်ပြန်ရောက်ပြီး ပုံမှန်အတိုင်း အိပ်ယာခဲ့ဝင်ခဲ့ကြတာ မနက်လေးနာရီမှ ကျွန်မတခေါက်နိုးလာသည်။ခနခနနိုးတတ်သည့်လူမဟုတ်ပါပဲ ကျွန်မခါးကလက်တစုံကြောင့်ပင်။
"သခင်မ....."
"သခင်မ"
"အင်း"
"ကျွန်မအခန်းထဲဘယ်လိုရောက်နေတာလဲ"
ကျွန်မအမေးကို မဖြေပဲပြန်အိပ်ပျော်သွားသဖြင့် လက်သွယ်သွယ်ကို ကိုင်လှုပ်ပြစ်လိုက်သည်။
"ကျစ်"
"ကျွန်မအခန်းထဲဘယ်လိုရောက်နေတာလဲလို့"
"ငါအိပ်မပျော်လို့"
စိတ်မထိန်းနိုင်စွာကျောပေးရာမှသခင်မဘက်သို့လှည့်အိပ်လိုက်သည်။သခင်မသည်လည်းမျက်ခွံများမှေးကာ နိုးနေဟန်တော့ရှိသည်။
"အိပ်မပျော်တိုင်းကျွန်မအခန်းကိုဝင်လာတာလား သခင်မပြောတော့ ကျွန်မက ကျွန်ဆို ကျွန်နဲ့အတူအိပ်မလို့လား"
"စုသက်ထား"
"ကျွန်မအခုထိနားမလည်နိုင်ဘူး အိမ်ပေါ်ခေါ်တင်ထားပြီး ဘာအလုပ်မှလည်းမခိုင်း၊အလိုမကျရင် တခုခုကိုရန်ရှာရတဲ့အထိ...ကျွန်မလက်ကိုကိုင်လိုက်တိုင်း အလိုက်မသိခုန်လာတဲ့ ကျွန်မရင်ဘတ်ကိုလည်းနားမလည်ဘူး သခင်မက ကျွန်မအပေါ်အဲ့လောက်ထိ !
အဲ့လောက်ထိဆိုးတာကို""မနက်....လေးနာရီကြီးနင်ဘာထဖြစ်နေတာလဲ"
သခင်မက နာရီတချက်လှမ်းကြည့်၍ သူ့ဆံပင်များကို တဖက်သို့သိမ်းပါသည်။
မနက်လေးနာရီအချိန်မှာတောင်အိပ်ချင်မူးတူးသခင်မကသိပ်ကိုလှပါသည်။"ကျွန်မထဖြစ်တာမဟုတ်ပဲသခင်မကကျွန်မအခန်းထဲလာအိပ်နေတာလေ"
"နင်.....မကြိုက်လို့လား"
အသံအနည်းငယ်တိုးဝင်၍ မေးလာသည့်အခါကျွန်မအံ့ဩရပြန်သည်။"ကျွန်မ ကသခင်မပြောသလို ကျွန်မအဒေါ်အရွယ်ကို ချစ်နေတာထင်တယ် မိန်းမချင်းကိုလေ ကျွန်အဆင့်ကလေ အဲ့တာကြောင့် ကျွန်မကိုယ်ကျွန်မလည်း ဝေခွဲမရတာမလို့ သခင်မ ကျွန်မအပေါ်ကောင်းလိုက် ဆိုးလိုက်မလုပ်ပါနဲ့"
ESTÁS LEYENDO
"ကျွန်"
Romance"သခင်မ ရဲ့ခြေဖဝါးနုနုဟာ ဒဏ်ရာတွေပေးပါတယ်" "သခင်မ၏ အပြောချိုချို နှုတ်ကြမ်းကြမ်းဟာ တွေးရခက်စေတယ်"