XIV

600 57 8
                                    

လက်နက်ချအရှုံးပေးခြင်းဆိုတာ စစ်ပွဲတွေမှာတော့ သုံ့ပန်းအဖြစ် မိမိကိုယ်ကို ဆက်သခြင်းပဲ။ လက်ရှိ ကျွန်တော့်ဖြစ်ရပ်က Buildရှေ့မှာ ကျွန်တော့်အနိုင်လိုချင်စိတ်တွေကို ဒူးထောက်ဆက်သပေးနေသလို အဖြစ်မျိုး။

တစ်ယောက်တည်း အာစေးမိသွားတဲ့ ကျွန်တော့်ကို Buildက အပြစ်မတင်ခဲ့ဘူး။ ဒီအတိုင်းပြုံးပြသွားတဲ့ Buildက မျက်လုံးတွေ မှေးဆင်းထားရင်းက "Take it easy Sir!" ဆိုပြီး ရိုရိုကျိုးကျိုးကလေး ခါးကိုင်းပြသွားသေးတယ်။

သူကသာ ဘာမှဖြစ်ပုံမရတာ။ ရင်ထဲ လိပ်ပြာတွေပါ ပျံဝဲသွားသလား မှတ်ရတဲ့ ကျွန်တော့်အခြေအနေက ကျောခိုင်းထားတဲ့ Buildရဲ့ ခါးသိမ်သိမ်ကို ငေးကြည့်ရင်း တံတွေးတွေ အတွင်တွင်မျိုချနေမိတယ်။

အခုချက်ချင်း ရေလှိုင်းတွေ ဖြာထွက်သွားတဲ့ ကျွန်တော့်အာရုံထဲ အလွန်အကျူး ရိုကျိုးနေမယ့် Buildပုံရိပ်က သိမ်သိမ်မွေ့မွေ့ကလေး ပြုစားလာတယ်။ ခေတ်နှောင်းပိုင်းတွေတုန်းကလို တစ်ကိုယ်လုံးကို ဇာပါးပါးတွေနဲ့ အလွှာအထပ်ထပ် မွမ်းမံထားတဲ့ ‌ေတာ်ဝင် Servantတစ်ယောက်အဖြစ် မြင်ယောင်မိတဲ့အခိုက်မှာ ကျွန်တော်ခေါင်းအမြန်ခါထုတ်လိုက်မိတော့တယ်။ ဘာတွေ တွေးနေမိတာလဲ။

မင်းအခုထိ အဖြေမရသေးတာကို အခုလိုတွေတွေးနေရင် အငြင်းခံရမှာပေါ့Bible!

ကြာကြာနေရင် တွေးချင်ရာတွေးနေမယ့် စိတ်အခြေအနေကြောင့် ကျွန်တော်ကော်ဖီကိုကုန်အောင် သောက်ပြီးတာနဲ့ Buildကို နှုတ်မဆက်ဘဲ ဆိုင်ထဲက အမြန်ထွက်လာခဲ့တယ်။ Buildကို နှုတ်ဆက်ချင်ပေမဲ့ အလုပ်တွေ များနေတာမို့ ကျွန်တော်ဒီတိုင်းထွက်လာခဲ့လိုက်တယ်။

အိတ်ကပ်ထဲ စီးကရက်များတွေ့လိုတွေ့ငှားရှာနေမိသေးတယ်။ ကျွန်တော့်စိတ်တွေက အတက်အကျမမြန်ပေမဲ့ တစ်ခါတက်ပြီး တော်ရုံနဲ့ ပြန်ဆင်းတဲ့အထဲ မပါဘူးမို့ Chillingဖြစ်ဖို့ တစ်ခုခုနဲ့ အာရုံလွဲမှဖြစ်တော့မှာ﹒﹒

"Oh!!Sorry﹒﹒"

အပြင်ကို အရောက် အထဲဝင်လာတဲ့ တခြားတစ်ယောက်ကို ဝင်တိုက်မိသွားတာမို့ ကျွန်တော်အမြန် တောင်းပန်လိုက်တယ်။ ဒါပေမဲ့ မျက်နှာကိုအမြင် လျှာပါကိုက်မိသွားတယ်။

"The Cloud 9" Where Is In Your Sick DimpleWhere stories live. Discover now